အပိုင်း - ( ၇) ခ

1.6K 151 21
                                    

ထိုနေ့က ရင်ငြိမ်းအတွေးများစွားနှင့်
ဈာန်ရဲ့ အမပြောစကားများကို ပြန်ကြားယောင်ခါ

" ရင်ငြိမ်းဖြူကို နာမည်တော့ရင်နှီးနေတာကြာပါပီ
ငယ်လေးက မန်းလေးမှာ သူကျောင်းတက်နေတဲ့လေးနှစ်လုံးရော အခုထိပါ အိမ်ကို ရင်ငြိမ်းလာခဲ့သည်ရှိသော် သူကိုဖုန်းဆက်ဖို့တဖွဖွမှာခဲ့တာ အခုနောက်တော့ ရင်ငြိမ်းလာခဲ့ရင်ဖုန်းနံပါတ်တောင်းထားပေးဖို့မှာထားတာ
သူ့ကိုတော့ အမတို့ဖက်က စဆက်သွယ်လို့မရတာ လွန်ခဲ့တဲ့သုံးနှစ်လောက်ထဲက ဆိုပါတော့ ။ နှစ်လတခါလောက်တော့ဖုန်းဆက်ပါတယ် ။ တခါတလေ သီတင်းကျွတ်တို့ သင်္ကြန်တို့တော့ ဖေဖေ့ ကို သူကန်တော့တယ်ပြောပေးပါဆိုပီး ပစ္စည်းတွေပို့တတ်တယ်... "

" ကလေး...Ahဈာန်ကလေ ဘယ်လိုဖြစ်ပီးဟိုမှာတယောက်ထဲနေရတာလဲ အိမ်နဲ့စိတ်ဆိုးသွားတာကြောင့်လား "

" ပြောရရင်တာ့ အရှည်ကြီးပါဖဲ ကိုယ်အထုပ်ကိုဖြည်သလိုဖြစ်မှာစိုးပေမဲ့ ရင်ငြိမ်းဖြူကိုတော့ အမက ငယ်လေးကြောင့် ပြောပြပါ့မယ် "

" ရှင်...ဟုတ် "

" အမတို့ကမောင်နှမလေးယောက် အမကအကြီးဆုံး အမအောက်က မောင်လေး ပီးတို့ ငယ်လေးဈာန် ငယ်လေးရဲ့အောက်မှာ ညီမလေးတယောက် "

"ဟုတ် "

" ဖေကလဲ စီးပွားရေးတဖက်နဲ့ဆိုတော့ သားသမီးတွေကိုသိပ်ဂရုမစိုက်ဖြစ်ဖူး ဒါပေမဲ့အမက အကြီးဆုံးဆိုတော့ ဖေနဲ့ကအနေနီးတယ်
မောင်လေးကကျတော့လဲ မေမေ့အသဲကျော်
ပီး အငယ်ဆုံးလေးကရောပေါ့ ဈာန်က အလတ်ဆိုတော့ အမတို့အိမ်ကလူတွေက ကလေးကိုသေချာဂရုမစိုက်မိခဲ့ဘူး
ငယ်လေး ကျောင်းနေချိန်ကျလဲ အငယ်ဆုံးလေးမွေးတာနဲ့ဆိုတော့ မေမေတို့က ဈာန်လေးကို ပစ်ထားသလိုဖြစ်ခဲ့ပုံရပါတယ်။ ကလေးက အိမ်မှာဆို စကားသိပ်မပြောဖူး ကျောင်းမှာရင်ငြိမ်းတို့နဲ့ရော ငယ်ငယ်ကအဆင်ပြေလား "

ဈာန်အမစကားကြောင့် ရင်ငြိမ်းအံ့သြ သွားတာတော့အမှန်ပါ

" ဈာန်က ကျောင်းမှာလူချစ်လူခင်အရမ်းပေါတာအမရဲ့ အရမ်းလဲ စကားများပီးလေပေါတယ် "

မြတ်နိုးရသော ( Lovey - Dovey) Donde viven las historias. Descúbrelo ahora