အပိုင်း - ( ၆) က

1.1K 89 2
                                    


နယ်မြို့အသေးစားလေးဆိုပေမဲ့ မြို့ပတ်ပတ်လည်တွင်က ရွာကြီး ရွာသေးများအမြောက်အများရှိပီး ထိုရွာများတွင်က မူလွန်နှင့် အလယ်တန်းကျောင်း တွေသာရှိတာကြောင့် ၉တန်း ၁၀တန်းကို
သူမတို့ မြို့ရှိ  အထကကျောင်းကို တနယ်လုံးက ကျောင်းများမှ ကျောင်းသားကျောင်းသူများက လာတက်ကြရသည်။ထိုမျှမက မြို့ပေါ်ရှိအလယ်တန်းကျောင်းပေါင်းစုံကလဲ ထို့ အ.ထ.က ကျောင်းကြီးကိုသာလာကြရသည်။

အနီးအနားရှိ တခြားနယ်မြို့လေးများတွင်လဲ အ.ထ.ကကျောင်းများရှိပေမဲ့
အောင်ချက်ရာခိုင်နှုန်းပိုမြင့်ပီး အသင်ပြကောင်းသည့် သူမတို့ အ.ထ.က အပြင်  အပြင်ဘော်ဒါဆောင်များလဲ အရမ်းပေါများသည့်နယ်မြို့ဖြစ်တာကြောင့် သူမတို့မြို့ကိုသာ လာရောက်တက်ရောက်သူများပြားကြတါတေါ့မဆန်းပေ။

အထက်တန်းနှစ်အတွက် ရင်ငြိမ်းကတော့ အပြင်ကျူရှင်တွေနှင့် မေကအိမ်တွင် Guideခေါ်သင်ပေးခဲ့သည်။ ကျူရှင်တွင်နယ်ပေါင်းစုံကသူငယ်ချင်းအသစ်တွေနဲ့ဆုံခဲ့ပီး ရင်ငြိမ်းပုံမှန်အနေအထားတခုကိုတော့ပြန်ရခဲ့ပေမဲ့
ဘယ်သူနဲ့မှ လိုအပ်သည်ထက်ပိုရောရောထွေးထွေးမနေခဲ့သလို့ စာဖက်ကိုလဲ ၎င်း အထကရဲ့ထိပ်ဆုံးကျောင်းသူစာရင်းကိုမဝင်ချင်ခဲ့တော့ ။ခဲမှန်ဖူးတဲ့စာသူငယ်လိုပေါ့။
ကျူရှင်က သူငယ်ချင်းတချို့ စကားအရတော့ ဈာန်က ဖြူ နှင့်အတူ သူတို့မြို့ရဲ့နာမည်ကြီးဘော်ဒါဆောင်တခုမှာ နေသည်တဲ့။ဘာဖဲ ဖြစ်ဖြစ် ဒီနှစ်တော့ဈာန်နဲ့အတူတခန်းထဲတက်ရမှာဖဲလေ တစုံတယောက်နဲ့တွေ့ဆုံဖို့ တခုတည်းအတွက်သာ ။
ကျောင်းကြီးဖွင့်ရက်ကို ရင်ငြိမ်းမျှော်မိသည်။
     
     ဇွန် ၁ရက်နေ့ကို အမြန်ရောက်ချင်ခဲ့နေပီ
ကိုယ်လွမ်းလှပါပီ ကလေးငယ်...

ဇွန် ၁ရက်

     ရင်ငြိမ်းစိတ်အားထက်သန်စွာဖဲ ကျောင်းကိုအစောကြီးရောက်ခဲ့သည်။ ကျောင်းက ကိုးနာရီတက်မှာမို့ ၈ခွဲလောက်တော့ သူမရောက်လာကောင်းရဲ့...
        ၈ခွဲကျော်ကျော်လောက်မှာတော့ ဈာန်တို့အဆောင်ကလို့ ထင်ရတဲ့ ကျောင်းသားကျောင်းသူများ ဝင်လာတော့သည်။ ရင်ငြိမ်းမြင်နေကျသူတွေရော မရင်းနှီးတဲ့မျက်နှာစိမ်းတွေတယောက်ပီးတယောက် ဝင်လာကြပေမဲ့ ဈာန်ပါလာသေး။ ခဏနေတော့ ရင်ငြိမ်းမြင်ဖူးနေကြမျက်နှာတခုတော့...
သို့ပေမဲ့... သူမမျှော်နေတဲ့အရိပ်လေးမပါခဲ့ပေ။

မြတ်နိုးရသော ( Lovey - Dovey) Onde histórias criam vida. Descubra agora