အပိုင်း - ( ၇) က

1K 106 4
                                    

          တီ တီ...တီတီ...တီတီ.. တီ တီ
    

  နာရီနိုးစက်သံကြောင့် ရင်ငြိမ်းနိုးလာခါ အချိန်ကြည့်လိုက်တော့
မနက် ၅နာရီခွဲ ...
ဒီနေ့ ဈာန်အိမ်ကိုသွားစုံစမ်းမည်။ အ့ကလေးမ ရင်ငြိမ်းကိုမြင်ရင်မှတ်မိပါအူးမလား... ပြီးတော့ သူရော ဘယ်လိုပုံလေးဖြစ်နေမလဲ...မတွေ့ရတာ ၈နှစ်ကျော်
အတိအကျပြောရရင် ၈နှစ် ၂လနဲ့ ၁၇ ရက်
ဘယ်လောက်တောင် သတိရခဲ့လဲ သိရဲ့လားဈာန်
ဒီနေ့တော့ သေချာပေါက် ထပ်ထွက်မပြေးတော့ဖဲ ကိုယ့်အနားမှာ တသက်လုံးရှိနေအောင် လုပ်မှာမို့ စောင်နေ့ပါဈာန် ...
  
        " သမီး နေမကောင်းဖူးလား "

"ကောင်းပါတယ် မေရဲ့ ဘာလို့လဲ "

" ဟိုမှာသမီးဖေဖေ မေးနေတယ် အပြင်သွားမလို့လားတဲ့
သမီးစိတ်တွေ မနက်စာစားနေတဲ့နေရာမှာမရှိဖူး
သမီး နေရတာရောအဆင်ပြေရဲ့လား တခုခု... "

" မဟုတ်ပါဖူး မေမေရဲ့ သမီးအဆင်ပြေပါတယ် နည်းနည်းအတွေးလွန်သွားလို့ "

" သမီး ဒီနေ့အပြင်သွားမလို့လား "

" ဟုတ် "

" ကားယူသွားမှာမလား ကိုမောင်ဦးကိုခေါ်သွား "

" သမီးတယောက်ထဲဖဲသွားမလို့ပါ ဖေ "

အခန်းထဲ ခဏမျှတိတ်ဆိတ်သွားခါ

" သမီး ပြောတဲ့ ကောင်မလေး အ့ကောင်မလေးရဲ့အိမ်ကိုသွားရှာမလို့ပါတယောက်ထဲဖဲ သွားချင်လို့ ပီးတော့ သမီးအဆင်ပြေတာမို့ ဖေနဲ့မေ စိတ်မပူပါနဲ့ ဒီသမီးကအရင်လိုကလေးမဟုတ်ဖဲ အပျိုကြီးစာရင်းတောင်ဝင်နေတဲ့ လူကြီးဖြစ်နေပါပီနော် "

ရင်ငြိမ်းစကားကြောင့် လင်မယားနှစ်ယောက်လုံးရီလိုက်ခါ

" ဟုတ်ပါပီ အပျိုကြီးရယ် ကားကိုသေချာမောင်း နယ်ကလူတွေက ဆိုင်ကယ်မောင်းတာ ပရမ်းပတာတွေနဲ့ "

" yes sir"😁

... ... ... ... ... ... ... ... ... ... ... ... ... ... ... ...

---ရပ်ကွက်

    💭 ဒါဈာန်ပြောတဲ့ရပ်ကွက်ဖဲ ဒါမဲ့လမ်းတွေကအများကြီး ဘယ်လိုရှာရမှာလဲ
ရင်ငြိမ်းလဲ ဘယ်လိုစရှာရမလဲမစဉ်းစားတတ်ခါ တလမ်းဝင်တလမ်းထွက် ကားမောင်းရင်းသာ

မြတ်နိုးရသော ( Lovey - Dovey) Donde viven las historias. Descúbrelo ahora