အပိုင်း ( ၁ )

3.9K 121 0
                                    

အဖြူအစိမ်းနဲ့ ကျောင်းသားကျောင်းသူလေးတွေကို ကားပေါ်ကနေလှမ်းမြင်တော့ သူမတစုံတယောက်ကို လွမ်းမိသည်။ပြီးတော့ နာကျင်မှုအပိုင်းအစတချို့ကို သတိရသွားပီး နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။

Flashback

အ.ထ.က ( ၁) ...မြို့

အစိမ်းရင့်ရောင် အောက်ခံပေါ် မှာရေးထားသော စာလုံးအချို့ကိုဖတ်ပီး ရင်ငြိမ်း
သက်ပြင်းချမိသည် ။
ဖခင်က အစိုးရအရာရှိတယောက်မို့
ဖခင်တာဝန်ကျရာမြို့များကို မကြာခဏ ဆိုသလို ကျောင်းပြောင်းရသည့်ရင်ငြိမ်း
အဖို့တော့ ကျောင်းအသစ်ဆိုတာ အဆန်းတော့မဟုတ်ပါ။

ဒီတခေါက်တော့ အရင်နှင့်မတူ ရင်ငြိမ်းနည်းနည်းစိတ်ညစ်သည်။ ယခင် သူမဖေဖေတာဝန်ကျသည့် မြို့များနှင့်ယှဉ်လျှင် ယခုမြို့လေးမှာ နယ်မြို့အသေးစားလေးမျှသာ...

အနည်းဆုံးသုံးလေးနှစ်လောက်တော့သူမ ဒီမြို့လေးမှာနေရပေဦးမည်။အရင်သူမကျောင်းတက်ခဲ့ရသည့် မုံရွာမြို့ကိုလွမ်းသည်။ သူငယ်ချင်းတွေကို သတိရသည်။

" ညီမလေး...ရင်ငြိမ်း ညီမလေး "

သူမအကိုရဲ့ ခေါ်သံကြားမှ ရင်ငြိမ်း အတွေးစများပြတ်သွားတော့သည်။
သူမမေမေပင် ခပ်ဝဝဆရာမတယောက်နဲ့ စကားပြောနေတာတွေ့ရသည်။

" လာ သားကြီးတို့ မေမေတို့ကျောင်းအုပ်ကြီးရုံးခန်းအရင်သွားရဦးမယ်...
ဒါသမီးလေးရဲ့ အတန်းပိုင်ဆရာမ
ဆရာမနာမည်ကဒေါ်နွယ်နွယ်ဦး တဲ့"

ရင်ငြိမ်း
သူမရဲ့သွားဖြူဖြူလေးတွေပေါ်လာအောင်ပြုံးလိုက်ပြီး

" ဟုတ်ကဲ့ သမီးနာမည်က ရင်ငြိမ်းဖြူပါရှင့် "

"ဟုတ်ပါပီရှင် ဆရာမတို့ ဆရာကြီးရုံးခန်းထဲ အရင်သွားကြရအာင်"

ကျောင်းအုပ်ကြီးရုံးခန်း၌ လိုအပ်သည့်စာရွက်စာတမ်းများဖြည့်ပီးနောက်မှာတော့
သူမ အကိုဆယ်တန်းကျောင်းသားကြီးကတော့
သူ့သက်ဆိုင်ရာဆရာမနောက်သို့လိုက်သွားလေပြီ

" သမီးငယ် ဆရာမနောက်လိုက်သွားနော် မေမေပြန်တော့မယ်
ကျောင်းဆင်းချိန်မှ သမီးဖေဖေနဲ့လာကြိုမယ်နော် "
သူမ ခေါင်းသာညိမ့်ပြလိုက်ရသည် ဖြစ်နိုင်ရင်မေ့မေ့ကိုမပြန်စေချင်သေး...
သူမ အမေ၏နောက်ကျောကိုတချက်ငေးရင်း ဆရာမခေါ်ရာနောက်တော့သူမရေဘူးနှင့် လွယ်အိတ်ပိုက်ကာ...

မြတ်နိုးရသော ( Lovey - Dovey) Tempat cerita menjadi hidup. Temukan sekarang