အပိုင်း ( ၄ )

1.1K 88 11
                                    

( တချို့အသုံးအနှုန်းတွေ မှားယွင်းသွားတာမျိုး တစုံတဦးအားထိခိုက်စေတာမျိုး ရှိခဲ့ရင် သာသာရဲ့စာဖတ်အားနည်းမူနဲ့ စာအရေးသားညံ့ဖျင်းမူကြောင့်မို့ ကြိုတောင်းပန်ပါတယ်)
... ... ...

ဘယ်မြို့ရောက်ရောက် ဘယ်အတန်းရောက်ရောက် အဆင့် ၁ မှ ၅အတွင်းသာရှိခဲ့တဲ့ ရင်ငြိမ်းက ၇တန်းနှစ်အတွက်တော့ အဆင့်တွေမကောင်းခဲ့ပါ။
အဆင့်တွေကျပေမဲ့ ဖေနဲ့မေ့ဆီကတော့ အပြစ်တင်သံတခွန်းလေးတောင်မကြားရပေ။ ထိုအစား

" သမီးကျောင်းမှာ
အဆင်ပြေရဲ့လား" ဆိုသော
မေးခွန်းကိုသာ မကြာခဏမေးတတ်သည်။  ရင်ငြိမ်း အဆင်မပြေပေမဲ့ အိမ်ကိုတော့ဖွင့်မပြောရက်ခဲ့ပေ။
၈တန်းနှစ်စမှာလည်း အတန်းဖော်များနှင့်ရင်ငြိမ်း
အဆင်ပြေအောင်နေခဲ့လို့သူငယ်ချင်းအသစ်အချို့ရခဲ့ပေမဲ့ အမုန်းခံရဆဲအရွဲ့ခံရဆဲပင်...ဈာန်ကတော့ သူငယ်ချင်းအဟောင်းများရော အသစ်များရဲ့အချစ်ခံရဆဲ မု့န်ခိုးစားဆဲ...
... ... ...
"ကဲ... ဆရာမတို့ ကြိုသက်ချိန်ဆို ယောက်ျားလေး နဲ့မိန်းကလေးခွဲပီး သင်မှာပါ ယောက်ျားလေးတွေက စိုက်ပျိုးရေးမွေးမြူရေးအကြောင်းကို စာတွေ့လက်တွေ့သင်ရမယ် မိန်းကလေးတွေကတော့ အချက်အပြုတ်နဲ့ လက်ချုပ်ပညာကိုစာတွေလက်တွေ့သင်ရမှာဖြစ်ပါတယ် ခွဲပီးသင်ရမှာဖြစ်တဲ့အတွက် monday ကြိုသက် ၂ချိန်နဲ့ Tue ကြိုသက်၂ချိန်ကို Aခန်းယောက်ျားလေးတွေက Bကိုသွားသင်မယ်
Bကမိန်းကလေးတွေက Aမှာလာပေါင်းပီးသင်မှာဖြစ်ပါတယ် စာမေးပွဲမှာကြိုသက်ပါဖြေရမှာမို့ ဂရုစိုက်ကြပါ "

💭ဟုတ်ကဲ့...ဟုတ်ကဲ့ပါဆရာမ

" ကဲ A ရော Bရော လူစုံပီဆို ဆရာမတို့ စကြရအောင် အရင်ဆုံးမသင်ခင် အဖွဲ့ခွဲကြမယ် နှစ်ခန်းပေါင်း ၈၂ယောက်ရှိတဲ့အတွက် ၉ယောက်အဖွဲ့ရယ် ၈ဖွဲ့နဲ့ ၁၀ယောက်တဖွဲ့ ပါမယ် သမီးတို့အဆင်ပြေမဲ့သူတွဲထါးကျ ဆရါမရုံးခန်းခဏသွါးအူးမယ် ပြန်လာရင်နာမည်တွေရေးပီးဆရာမကိုလာပေး"

💭 ဈာန် နင်ရေးလိုက်... ငါတို့ကိုးယောက်ပြည့်ပီလား
ဖြူ ဈာန် မေဇင် မအိ နှင်းပွင့်... အေးကွက်တိဖဲကိုးယောက်...
Okအ့တာဆိုခေါင်းဆေါင်ကဖြူလုပ်
ဒုတိယက မအိလုပ်လိုက်... အိုခေ ရပီ ငါတို့အဖွဲ့...

မြတ်နိုးရသော ( Lovey - Dovey) Hikayelerin yaşadığı yer. Şimdi keşfedin