#Unicode
🔥 အမုန်းများနှင့် အချစ် 💗
Ep 34
" ချပေးပါဆို ကွကိုလည်းလျှောက်နိုင်တယ် "
တိုက်ခန်းရှေ့ရောက်လို့ ကားပေါကဆင်းကတည်းက ပွေ့ချီလာတဲ့ သူကြောင့် Hobi အနေရအထိုင်ရကြပ်နေသည်.....
" မချပေးပါဘူး....ကိုယ်က ဖစ်နိုင်ရင် ဆေးရုံမှာပဲနေစေချင်တာ မင်းက မနေချင်ဘူးဆိုတော့လည်း "
" ဆေးရုံကိုမကြိုက်ပါဘူး Hobi က လူမမာမို့လိူ့လား ချပေးစမ်းပါဆို အပိုတွေလုပ်မနေနဲ့ "
Min က တော့ Hobi ပြောသမျကို နားထောင်မနေဘဲ ဆက်ပွေ့ချီသွားကာ အိပ်ရာပေါ်အသာချပေးလိုက်သည်.....
" တရေးလောက်အရင်အိပ်မလား ဆန်ပြုတ်အရင်သောက်မလား "
" အိပ်မှာ ထွက်သွား "
" နေပါဦ "
ကိုယ်ထိုင်နေတဲ့ ကုတင်ပေါ်ကို ဝင်ထိုင်ပီး နဖူးပေါ်လက်လာစမ်းတဲ့ Min
အမြင်ကတ်လာလို့ လက်ကိုပုတ်ထုတ်ပစ်လိုက်မိ
"တက်ခွပီးလည်ပင်းညှစ်တယ်
ဆံပင်ကိုဆောင့်ဆွဲပီး နံရံနဲ့ဆောင့်တယ်
လက်သီးနဲ့ထိုးတယ်
ဘယ်တော့မှပြန်မလာနဲ့ ထွက်သွားလို့ပြောတယ်
အာ့လိုပြောခဲ့တဲ့ Jung Min က အခုဒီလိုဖစ်ပြနေတော့ ကျယ်မက ရယ်ရမလို ငိုရမလိုပဲ ဟက်ဟက် "
မျက်နှာကွက်ခနဲပျက်သွားတဲ့သူ
သူ့မျက်ဝန်းတွေထဲမှာ Hobi တွေ့နေရတာတွေက နောင်တတွေလား
" ကိုယ်တောင်းပန်ပါတယ် "
" တော်ပါ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက အဲ့ဒီစကားပြောရမှာ....အခုတော့အဲ့စကားက ခွေးဟောင်သံလိုပဲ နားထဲကိုမသွင်းချင်ဘူး "
မျက်နှာလွဲှပီးပြောလိုက်တဲ့ သူမကြောင့် ဘယ်ဘက် ရင်အုံက ဆစ်ခနဲ
ငါဟာ သူ့အတွက် ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ယောက်ဖစ်ခဲ့တာပါလား
အရမ်းမှားခဲ့တယ်
တောင်းပန်ပါတယ် Hobi ရယ်
" ကျွန်မအိပ်မှာမို့လို့ ထွက်သွားပေး....ဘယ်သူ့မျက်နှာမှအခုမမြင်ချင်ဘူး "
YOU ARE READING
🔥အမုန်းများနှင့် အချစ်💗(Completed)
Romance"အချစ်လား..... အမုန်းလားမသိတဲ့ တစ်စုံတစ်ရာနဲ့လုံးထွေးလာခဲ့တာ.....လမ်းဆုံးရောက်တဲ့အခါမှ....ပျော်ရွှင်မှုလောက်ဘာမှအရေးမပါခဲ့ဘူး"
