Punishment

277 14 0
                                        

#Unicode

🔥အမုန်းများနှင့် အချစ်♥

Ep 43

"အင်း အင်း "

"ဟင် Hobi မင်းနိုးလာပီလား သက်သာရဲ့လား"

"Park jimin? အခြား...လူ လူတွေရော"

တအင်းအင်းနဲ့ငြီးညူလျက် နိုးလာတဲ့ hobi
အခုလည်း အလွန်တိုးသိမ်ပီး အားနည်းတဲ့အသံသာထွက်နိုင်တော့သည်။

"သူတို့တွေအပြင်ခနသွားကြတယ် ပြန်လာလိမ့်မယ် မကြာခင် မင်းအဆင်ပြေရဲ့လား ရေသောက်မလား"

"ထယ် ထယ်"

"ငါ ဒီမှာပါ"

"ဟင်"

အသံအောအောနဲ့အတူ ဆေးရုံအခန်းဝကနေမြင်လိုက်ရတဲ့ အရိပ်ကြောင့် Hobi မျက်လုံးတို့ပြူးကျယ်သွားရသည်။

ထယ်

ထယ်ကတကယ်သူ့ဆီကိုလာတယ်
ဒါမှမဟုတိ အိမ်မက်မက်နေတာများလား
ထယ်ငါ့ဆီကိုလာနေတယ်

ကြောင်အမ်းနေတဲ့ Hobi နားကို taehyung ဖြည်းဖြည်းချင်းလျှောက်လာပီး အခန်းထဲက Jimin ကတော့ အလိုက်တသိပဲ အခန်းထဲကနေ နှုတ်ဆိတ်ထွက်ခွာပေးသည်။

သို့သော် အခန်းဝက ကျောခိုင်းလှည့်ထွက်သွားတဲ့ Jung Min ကိုလည်း တဝိုးတဝါးမြင်လိုက်ပါသေးသည်။

"Hobi"

"ဟင် Ta...Tae"

"အင်း ငါပါ"

"အဟင့် Tae Tae တကယ်ရောက်လာတယ်ပေါ့နော် Ho...အဟွတ် hobi ဆီလာတယ်ပေါ့".

"ဖြည်းဖြည်းပြောပါ မောနေမယ် ထထိုင်ချင်လား ငါထူပေးမယ်"

"ဟင့်....ဟင့်အင်း မောလို့ Hobiလက်...အဟွတ် လက်လေးကိုပဲကိုင်ပေးထားပါနော်"

စကားအဆုံးမှာ လက်တစ်ဖက်က နွေးကနဲခံစားလိုက်ရပီး လက်ဖဝါးကြီးကြီးအောက်မှာ နူးညံ့စွာ နစ်မြုပ်သွားခဲ့သည်။

"ကောင်းလိုက်တာ ကျွန်....ကျွန်မလေ ရှင့်ကို တစ်ခါတောင် မတွေ့လိုက်ရဘဲ သေသွားရမယ်ထင်ခဲ့တာ ကျေး....ကျေးဇူးတင်ပါတယ်"

"မင်းမသေပါဘူး မင်းကိုကယ်မှာ ငါတို့အားလုံးက ငါ မင်းလုပ်ခဲ့သမျကို ခွင့်မလွှတ်နိုင်ဘူး ဒါပေမယ့် မင်းကိုသေစေချင်လောက်တဲ့ထိတော့ စိတ်မရှိပါဘူး မင်းသေချာပေါက် ရှင်သန်ပါ မင်းကိုချစ်တဲ့သူအတွက်"

🔥အမုန်းများနှင့် အချစ်💗(Completed)Where stories live. Discover now