Fatherless Daughter

276 12 0
                                        

#Unicode

🔥 အမုန်းများနှင့် အချစ် 💗

Ep 37

"Chim !! Chim!! "

ကားပေါ်ကနေ ကမန်းကတန်းဆင်းပီး Chim လဲကျနေမယ်လို့ထင်တဲ့နေရာကိုပြေးသွားလိုက်တော့ မြေကြီးပေါ်မှာခွေခွေလေးက Chim

"Chim အဆင်ပြေရဲ့လားဟင် ဘယ်နားထိသွားသေးလဲ "

"အား ကိုယ်အဆင်ပြေပါတယ် အာ့တာ "

အမှန်တော့ Yoon ကားနဲ့ မတိုက်မိခဲ့ပါ
ကားရှေ့ပြေးဝင်ပေမယ့် တစ်ညလုံး ဒူးထောက်ထားရလို့ နာနေတဲ့ ဒူးခေါင်းက အစွမ်းပြပီး ခြေထောက်ယိုင်ပီးလဲသွားတာ ...

"Yoon တောင်းပန်ပါတယ် အာ့ Yoon ကြောင့်ဖစ်တာပါ yoon ကြောင့် အဟင့် ဟီး "

ငိူယိုပီး သူ့ကိုလာဖက်တဲ့ Yoon

Yoon ကိုယ့်ကိုချစ်သေးတာပဲ
ကိုယ့်ကိုစိတ်ပူသေးတာပဲ

ူဒိလောက်ဆို ကျေနပ်ပါပီ Yoon

"ကိုဘာမှမဖြစ်ဘူးနော် Yoon မငိုနဲ့တော့နော် "

ဖက်ပီးငိုနေတဲ့ Yoon ကိုယ်လေးကိုခွာပီး မျက်ရည်တွေကိုသုတ်ပေးလိုက်တော့ ကြောင်တောင်လေးပြန်ကြည့်လာသည်.....

"Yoon ထူပေးမယ် ထနိုင်လား "

"အင်း ထနိုင်ပါတယ် အား ကျွတ် ကျွတ် "

"ကြည့် ဒူးပြဲသွားပီ ရှင်ကလေးလား ကားရှေ့ပြေးဝင်ရအောင် ရူးနေလား သေသွားရင်ဘယ်လိုလုပ်မလဲပြော "

ခုနက စိတ်ပူလို့ငိုယိုနေတာ သူမဟူတ်သလိုပဲ အခုဟောက်နေပြန်ပါပီ

"အခုမသေဘူးလေ ပီးတော့သေသွားလည်းဘာဖစ်လဲ ကိုသေသွားမှ Yoon ကခွင့်လွှတ်မယ်ဆို ကိုသေရဲပါတယ် "

"ရှင် ..ပြောလေကဲလေ ပါလား "

ခရမ်းချဉ်သီးမျက်နှာပိုင်ရှင်လေးက ရင်ဘတ်ကိုတွန်းထုတ်ပီး အိမ်ထဲပြန်ဝင်ဖို့လုပ်သည်
ဒီအတိုင်းတော့ပြန်မလွှတ်နိုင်
Yoon သေချာပေါက် ကိုယ့်ကို ခွင့်လွှတ်ရမည်
မာယာလေးတော့သုံးခွင့်ပေး

"အား ကျွတ် အား သေပါပီ "

"ဟင် ရှင်ဘာဖစ်တာလဲ ရရဲ့လား"

🔥အမုန်းများနှင့် အချစ်💗(Completed)Where stories live. Discover now