Extra-4⃣(Bad Memories)

897 52 20
                                        

#Zawgyi Ver

ဒီနေ့ ကြီးမေကလည်း Seoul ကိုတက်ပီး ဆိုင်အတွက် လိုအပ်တာတွေသွားဝယ်တာကြောင့် Kookie လည်း အိပ်ပျော်နေတဲ့ Taehyung ကို မနှိုးတော့ပဲ မနက်စောစောစီးစီး ဈေးဝယ်ဖို့ဈေးဘက်ကိုထွက်လာလိုက်တော့သည်။

"အန်တီ သုံးထပ်သား တစ်ပိသာနဲ့ ရေဘဝဲနဲ့ ပန်းဂဏန်း 1 kg စီပေးပါ "

"ဒီနေ့ဆိုင်ပိတ်တယ်ဆို nabi ရဲ့ ဒီလို လတ်လတ်ဆတ်ဆတ်တွေဝယ်ပီး ဘာလုပ်ဖို့တုန်း"

"သူ က အာ့တာတွေကြိုက်တယ်လေ အန်တီရဲ့"

ပြောချင်တာပြောပြီးနောက်မှာ Kookie မျက်စိပျက်မျက်နှာပျက်ဖြစ်သွားသည်။

နေပါဦး
ငါဘာတွေပြောလိုက်တာလဲ
သူက ကြိုက်တယ်
ဘယ်သူက ကြိုက်တာလဲ

အန်တီကြီး လှမ်းပေးနေတဲ့ အထုပ်ကိုတောင်လှမ်းမယူနိုင်သေးပဲ ကြောင်အစွာ ရပ်နေမိသည်။

သူကတကယ်ပဲအာ့တာတွေကြိုက်တာများလား

"အိမ်ကိုဧည့်သည်ရောက်နေတာလေ သူ့အတွက်ချက်ပေးမလို့ပါလို့ဟီးဟီး"

သို့သော် မနက်နိုးနိုးချင်းမှာ မြတ်နိုးရတဲ့ တစ်ယောက်သောသူကိုရှာမတွေ့တာကြောင့် အပူမီးဝိုင်းကာ စိုးရိမ်တ ကြီးဖြစ်နေသော တစ်ယောက်သောသူကတော့ ရှိနေခဲ့သည်။

__________________________________
Taehyung တစ်ယောက်အိပ်ရာနိုးနိုးချင်း Kookie ကိုလည်းမတွေ့ အိမ်မှာလည်းဘယ်သူမှမရှိတာကြောင့် ထိတ်လန့်သွားရသည်။

လွန်ခဲ့တဲ့ ၁၀နှစ်က သူနဲ့ Kookie ရဲ့ လက်ထပ်ပီးပီးချင်းနေုာက်နေ့မနက် မှာ ခံစားရတဲ့ခံစားချက်အတိုင်းပင်

ထိုနေ့မနက်က သူအိပ်ရာနိုးလာတာနဲ့ Kookie မရှိတော့ပေ

ဘယ်လောက်အော်ခေါ်ခေါ် ပြန်မလာတော့တဲ့ Kookie က စာတစ်စောင်သာချန်ခဲ့ပီး သူ့ကိုထားသွားခဲ့ဖူးသည်။

ပြန်တွေးလေ Taehyung ရင်ထဲ ပိုပိုပီးပူလောင်လာလေဖစ်ကာ ချွေးစို့ပီး မျက်ရည်တွေဝဲလာရသည်အထိပင်။

အိမ်ပြင်ပြေးထွက်ကာရှာမလို့အလုပ်မှာ တိုက်တိုက်ဆိုင်ဆိုင်ပင်ခြံထဲဝင်လာသော Kookie ကိုတွေ့လိုက်ရသည်။

🔥အမုန်းများနှင့် အချစ်💗(Completed)Where stories live. Discover now