Proof

253 15 0
                                        

#Unicode

🔥အမုန်းများနှင့် အချစ်❤

Ep 40

"Kim Jinnie-shi ကကျွန်မနဲ့ဘာကိစ္စများရှိလို့ တွေ့ချင်ရတာလဲ"

"Jung Hobi-Shi ထင်ထားတဲ့အတိုင်းပါပဲ.... ကျွန်မက Kim Namjoon ရဲ့တရားဝင်ဇနီး ခလေးတစ်ယောက်လည်းရှိတယ်"

"အာ့တော့ကျွန်မက ဘာလုပ်ပေးရမှာလဲ"

"ဒိလိုအချိန်မှာကျွန်မယောကျ်ားက စိတ်လေပီး Jung Hobi ဆီစိတ်ရောက်နေတာကို ကျွန်မလုံးသည်းမခံနိုင်ဘူးလေ ကျွန်မပြောတာမှန်တယ်မလား"

"မှန်ပါတယ် ဒါပေမယ့် ရှင်သည်းမခံနိုင်တာကို ဘာလို့ကျွန်မကိုလာပြောနေရတာလဲ စိတ်လေနေတာ ရှင်ယောကျာ်းလေ ကျွန်မမှမဟုတ်တာ ကျွန်မသူ့ကိုစိတ်လည်းမဝင်စားဘူး သူ့ကိုသွားပြောရမှာပေါ့အာ့တော့"

"သူ့ကိုသာပြောလို့ရရင် ကျွန်မဒီကို လာနေပါဥိးမလား"

သွေးအေးသောမျက်နှာ အေးစက်တဲ့မဲ့ပြုံးတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း အေးဆေးစွာပင် စကားစစ်ထိုးနေကြတဲ့ သူတို့နှစ်ယောက်။

"အာ့တော့ရှင်ကဘာလုပ်ချင်တာလဲ"

စိတ်မရှည်တော့ဟန်ရှိတဲ Hobi ကတော့ တင့်တယ်စွာထိုင်ဟန်ပြုဖို့ ချိတ်ထားတဲ့ခြေထောက်နှစ်ချောင်းကို ဖြည်ချလိုက်ပီး ထိုင်ခုံနောက်မှီကိုမှီချကာ လက်ပိုက်ကြည့်နေတော့သည်။

"Namjoon ဘေးမှာရှင်မရှိတော့မှ namjoon လည်းစိတ်ထိန်းနိုင်မှာ အာ့အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ကျွန်မရှာထားခဲ့တယ်လေ"

တည်ငြိမ်စွာပြောရင်း Jinnie တစ်ယောက်သူ့ရက်လက်ကိုင်အိတ်ထဲက မကြီးမသေးဖိုင်အကြည်ရောင်လေးတစ်ခုကိုထုတ်ပီး စားပွဲပေါ်တင်ကာ Hobi ကိုမြင်စေသည်။

ကြည်လင်နေတဲ့ဖိုင်သားကတစ်ဆင့် ဖိုင်ထဲက ခလေးမလေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေကို Hobi မြင်လိုက်ရသည်။

ထိူခလေးမလေးသည် အသက် ၁၀နှစ်အရွယ်တုန်းက Hobi ပင်။

"Joon က Hobi hobi ဆိုပီးဆေးစွဲနေကတည်းက ကျွန်မရှင့်အကြောင်းကိုသေချာစုံစမ်းခဲ့တာတော်တော်တော့အချိန်ယူလိုက်ရတယ်.....ရှင်ကတော်တော် ရှုပ်လို့လေ"

🔥အမုန်းများနှင့် အချစ်💗(Completed)Where stories live. Discover now