#Unicode
🔥 အမုန်းများနှင့် အချစ် ♥
Ep 41
စေးကပ်နေတဲ့ မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ဟိုတယ်ခန်းထဲမှာပဲဖစ်သည်။
ထထိုင်လိုက်ပေမယ့် ခေါင်းတွေမတရားမူးလာတာကိုသာ သိပီး မျက်လုံးထဲပြာဝေကာ ဘာမှမမြင်ရတော့ချေ။
တဖြည်းဖြည်းအရှိန်ယူကာ ငြိမ်ငြိမ်နေပီးပြန်ဖွင့်ကြည့်တော့မှ ရှင်းရှင်းလင်းလင်းမြင်ရတော့သည်။
"သတိရလာပီလား "
" ဘယိသူလဲမသိဘူး"
"Arr တွေ့ရသာဝမ်းသာပါတယ် ကျွန်မက မင်ယွန်းဂီပါ"
"မင်ယွန်းဂီ?"
"နမ်ဂျွန်းနဲ့ မိဘမဲ့ဂေဟာမာတုန်းက သူငယ်ချင်းတွေလေ အခုလည်း နမ်ဂျွန်းက သူဒီဟိုတယ်မှာတည်းတယ်ပြောလို့လိုက်လာရင်း Jinnie shi မေ့လဲနေတာတွေ့လို့ Hotel ကနေ ဆရာဝန်ကို ဖုန်းဆက်ခိုင်းပီး ဆေးသွင်းပေးထားတာ "
"ကျေးဇူးတင်ပါတယ် ယွန်းဂီ shi"
"ရပါတယ် အမှန်တော့ကျွန်မလည်း ခုနလေးတင် နမ်ဂျွန်းကိုဖုန်းဆက်ကြည့်တော့မှ သူအခုဘယ်ရောက်နေလဲသိလိုက်ရတယ်"
"အော် နောက်ဆုံးတော့သူလုပ်လိုက်ပီပဲ"
တအိအိနဲ့ ဒူးထောင်ကာ ငိုကြွေးနေတဲ့ Jinnie ကို ယွန်းဂီ ပုခုံးလေးပုတ်ပေးနေသည်။
"အချစ်ဆိုတာဒိလိုပါပဲ ဆန်းကြယ်တယ် အချိ့သူတွေကတော့ အချစ်ကို ပေးဆပ် ခြင်းလို့ပဲ ပုံသေမှတ်ထားကြတယ်လေ နမ်ဂျွန်းလိုပေါ့ အဆုံးထိ ပေးဆပ်နေရမှ သူ့အချစ်ကိုဖော်ပြရာရောက်တယ်လို့သူထင်နေတယ်ထင်တယ် အာ့းလုံးအဆင်ပြေသွားမှာပါ ဒီပေးဆပ်ခြင်းက သူ့အရမ်း တောင့်တပီး လုပ်ချင်နေခဲ့တဲ့ သူ့ရဲ့ မပြတ်သားတဲ့အချစ်ကို အပြတ်ဖြတ်ဖို့အတွက်ရည်ရွယ်တဲ့ နောက်ဆုံးပေးဆပ်ခြင်းလို့ သူတွေ့နေတာနေမာပါ"
"အဟင့် အဟင့် သူကျွန်မအတွက်ဘယ်တော့မှမကြည့်ပေးဘူး "
"ကြည့်ပေးလို့ပေါ့ မပြတ်မသားစိတ် ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ် တွေနဲ့ မိန်းမနဲ့ သမီးဘေးမှ တစ်သက်လုံးနေသွားရင်း မိန်းမနဲ့ သမီးကို သူ့ကြောင့် စိတ်မညစ်စေချင်လို့ပေါ့ သူက Hobi တစ်ယောက်တည်းအတွက်ပင် မဟုတ်ပဲ သူချစ်တဲ့သူတွေအားလုံးအတွက် ပေးဆပ်လိုက်တာပါ "
YOU ARE READING
🔥အမုန်းများနှင့် အချစ်💗(Completed)
Romantizm"အချစ်လား..... အမုန်းလားမသိတဲ့ တစ်စုံတစ်ရာနဲ့လုံးထွေးလာခဲ့တာ.....လမ်းဆုံးရောက်တဲ့အခါမှ....ပျော်ရွှင်မှုလောက်ဘာမှအရေးမပါခဲ့ဘူး"