Explosion

256 14 0
                                        

#Unicode

🔥 အမုန်းများနှင့် အချစ် 💗

Ep 35

" ရှင် ရှင် ဘာပြောလိုက်တယ် "

" သူတို့နှစ်ယောက်ကသာ မင်းရဲ့ အစစ်အမှန်တွေပဲလို့ Jung hobi ရဲ့...... Min yoongi နဲ့ Jeon kookie တို့ကသာလျှင် မင်းရဲ့ မိသားစုတွေ "

" ရှင် သေခါနီးမှပေါက်ကရတွေပြောနေတာလား ရှင်ရူးနေပီလား ရှင်ရုတ်ရုတ်လုက်မယ်မကြံနဲ့နော် ဒီမှာ ဓား .... ထိုးသတ်ပစ်လိုက်မှာ စကားကို ပြင်ပြော "

မယုံတစ်ဝက် ယုံတစ်ဝက်ဖစ်နေတဲ့ Hobi စိတ်တွေခြောက်ခြားလာပီး ဗိုက်ကသွေးထွက်နေတဲ့ ဒဏ်ရာကို ဖိနေတဲ့ mrs jeon ကို ဆောင့်ဆွဲပီး ဓားနဲ့ ထောက်ထားကာ အော်နေသည်

Mrs jeonက သူ့အိတ်ထဲက ဓာတ်ပူံတစ်ပုံကို ထုတ်ပြလိုက်သည်

Taehyung ပြခဲ့တုန်းက ဒုတိယပုံ

Hobi ဆွဲယူကြည့်လိုက်တော့ သူ့ရဲ့လက်ရှိမိသားစုပုံ

အမေရယ်
Nabi ငယ်ငယ်လေးရယ်
Jung min ရယ်
သူဠေးကြီးရယ်

ဒါဘာထူးဆန်းလို့လဲ

သို့ပေမယ့် နာလွန်းလို့တုန်ရီနေတဲ့ လက်တစ်စုံက နောက်တစ်ပုံကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့

ဓာတ်ပုံအပြဲပိုင်းလေးနှစ်ခုကို အလယ်က တိတ်နဲ့ကပ်ထားသည်....

ဟင်

ဒါအမေပဲ
ဒါ ဒါက

Yoon.....Yoongi ?
Yoongi ဘေးမှာထိုင်နေတာက ငါ ငါ ငါ ?😨

"ရှင် ရှင် ဒါတွေကို ဘယ်လိုဖစ်ပီး "

Hobi ရဲ့ လက်တွေက တုန်ရီနေပီး မျက်ရည်တွေလည်းပိုးပိုးပေါက်ပေါက်ကျနေသည်......

" ငါ.... ငါ စုံစမ်းခဲ့တယ်....အစကတော့ ငါလည်းဘာမှမသိခဲ့ဘူး ငါ ငါ kookie လေးရဲ့ ဘဝမှန်ကိုပဲ ရှာချင်ခဲ့တာ ဒါကြောင့် Kookie ကို အာ့လိုရက်ရက်စက်စက်စွန့်ပစ်ခဲ့တဲ့ မင်းအကြောင်းကို အရင်စုံစမ်းဖို့  ဒီအတောအတွင်းမှာငါ မင်းရဲ့ မွေးစားအဖေ jung Ceo ဆီမှာ maid အဖြစ်ဝင်လုပ်ခဲ့တယ်..... အိမ်ကိုလည်းမင်းတို့တွေတစ်ယောက်မှပြန်မလာတဲ့အပြင် အပြင်လည်းမထွက်ရတာမို့ ငါ့ကိုတစ်ယောက်မှမသိခဲ့ဘူး "

🔥အမုန်းများနှင့် အချစ်💗(Completed)Where stories live. Discover now