| UNEDITED VERSION |
- WRITTEN IN 2014 -
RE-PUBLISHED FOR THE SAKE OF FRIENDS AND OLD READERS.
CONSTRUCTIVE CRITICISM ONLY.
Chapter One
အိမ်ကလေးတစ်လုံးထဲတွင် ခေါင်းလောင်းသံတစ်ခုက ခပ်တိုးတိုး ပျံ့လွင့်နေသည်။
တရားခံကတော့ ထိုအိမ်၏ အခန်းတစ်ခန်းထဲတွင် စားပွဲခုံတစ်လုံးရှေ့ချ၍ ထိုင်နေသော အသက် ၃၂ နှစ်အရွယ်မိန်းမတစ်ယောက်ဖြစ်သည်။ သို့သော် ထိုမိန်းမက အသက်နှင့်မလိုက်အောင် နုပျိုနေကာ အသက်၁၆နှစ်လို့ ထင်ရအောင်ပင် ငယ်ရွယ်နေသည်။ သူ့ဆံပင်အနက်ဖြောင့်ဖြောင့်ကို ဆံပင်တစ်မျှင်မှ ထွက်မနေအောင်စည်းထားသော်လည်း သူများတွေလို အသက်ကြီးပုံမပေါက်ဘဲ ပိုချောနေတာပဲရှိသည်။
Sae Hwa က ခေါင်းလောင်းကို ကတ္တီပါစပေါ်ချပြီးတာနှင့် အခြားကတ္တီပါ အိတ်ထဲမှာရှိနေသာ ကံကြမ္မာပြကတ်တွေကို ထုတ်ကာခုံပေါ်ကို ရိုသေစွာချလိုက်သည်။ ထိုကတ်ပြားများက SaeHwa တီထွင်ထားသော ကတ်များဖြစ်ကာ ၁၉ချပ်သာရှိသော်လည်း အလွန်မှန်ကန်တိကျသည်။ ထိုကတ်တို့သည် SaeHwa ပြုလုပ်ထားသော လောကအစီအရင်တို့ကြောင့် အဓိပ္ပါယ်နှင့်နံပါတ်တို့
မကြာခဏပြောင်းတတ်၍ ထိုကတ်ပြားတို့ကို ဖတ်ရှုတတ်သူမှာ Sae Hwa တစ်ယောက်တည်းပဲရှိသည်။
Sae Hwa သည် ကတ်ပြားတို့်အပေါ်အာရုံစိုက်ရင်း လက်ကိုကတ်ပြားတွေပေါ်ဝှေ့လိုက်တော့ ကတ်ပြားနှစ်ခုကသူ့အလိုလို လေပေါ်မြောက်တက်လာသည်။ Sae Hwa ထိုကတ်တို့ကို စိုက်ကြည့်ရင်းမှ ကတ်တို့ကို ဆွဲလှန်ကာစားပွဲပေါ်ချလိုက်ပါသည်။
"ဖတ်... ဖတ်..."
လေသံတို့နှင့်အတူ ကတ်နှစ်ပြားတို့က စားပွဲပေါ်ကျလာသည်။ ပထမကတ်က ကတ်နံပါတ်၁၂ဖြစ်ကာ ငွေလဝန်းတစ်စင်းနှင့် ဆွဲငင်ကာအူနေသောပုံရှိသည် ဝံပုလွေတစ်ကောင်၏ပုံဖြစ်နေသည်။ ဒုတိယကတ်ကတော့ ကြယ်ဆယ့်နှစ်လုံးကိုပြထားသော နံပါတ်၇ကတ်ပြားဖြစ်သည်။

YOU ARE READING
12 Wolves & Their Stunners [EXOxOC Fantasy]
Fanfictionမတူကွဲပြားတဲ့ နေရာတွေဆီက သာမန်မဟုတ်တဲ့ ကောင်မလေးခုနှစ်ယောက်နဲ့ သမန်းဝံပုလွေ ဆယ့်နှစ်ယောက်တို့ The Two Moons Academy မှာ တက်ဖို့အတွက်နဲ့ အဆောင်တစ်ခုထဲမှာ အတူနေကြရတဲ့အခါမှာ... ရုတ်ခြည်းပေါ်လာတဲ့ လှည့်ကွက်ဆန်းဖြစ်ရပ်တွေ၊ ကျရော...