Chapter thirty-two
Two Months Later On Exo planet
[A Month Later On Earth]
Ling Er နိုးလာတော့ မနက်အစောကြီးပဲရှိသေးသည်။ ကိုယ်က တော်တော်ပူနေသည်။ မနေ့ကတုန်းက Lay ၏ ကောင်းမှုအကြောင်းပြုပြီး Ling Er ရေကန်ထဲပြုတ်ကျသည်လေ။ တွန်းချမှတော့ ကျပြီပေါ့။
"နိုးပြီလား..."
Lay ၏ အသံ။ Ling Er မဲ့လိုက်သည်။
"ဘာလုပ်မလို့လဲ..."
"မနေ့ကအတွက် တောင်းပန်မလို့..."
Lay က Ling Er ၏ နဖူးကိုစမ်းတော့ Ling Er ထိုလက်ကိုရိုက်ချလိုက်သည်။
"ဘာမှတောင်းပန်မနေနဲ့... ခွင့်မလွှတ်ဘူး..."
Lay သက်ပြင်းချရင်း Ling Er ၏ လက်ကိုကိုင်ထားလိုက်သည်။
"လွှတ်..."
"Ling... တောင်းပန်ပါတယ်... ခွင့်လွှတ်ပါ..."
"ဖယ်... Ge မသွားရင် ဆွဲထုတ်မှာနော်..."
Lay က မျက်မှောင်ကြုတ်သည်။
"အားလည်းမရှိဘဲနဲ့ ဘယ်လိုဆွဲထုတ်မှာလဲ..."
Ling Er ဆက်မပြောတော့ဘဲ စောင်ကိုခေါင်းအုပ်အောင်ခြုံကာ ဆက်အိပ်နေတော့ Lay က စောင်ကိုဆွဲခွာပစ်လိုက်သည်။
"Ge နော်... အေးတယ်ဆိုမှ... အာ့..."
Lay က Ling Er စကားမဆုံးသေးခင် ရေပတ်ဝတ်နှင့် Ling Er ၏ မျက်နှာကိုသေချာသစ်ပေးနေသည်။ Ling er ကြောင်နေမိသည်။ မျက်နှာသစ်ပေးပြီးတော့ Lay က ဘီးကိုဆွဲယူကာ Ling Er ၏ ဆံပင်ကိုဖြီးပေးသည်။
"တောင်းပန်ပါတယ်..."
Lay က တိုးတိုးလေး တောင်းပန်စကားပြောပြီးတော့ Ling Er ၏ မျက်လုံးသူငယ်အိမ်ကို စိုက်ကြည့်နေရင်းကနေ ရှေ့တိုးလာသည်။
"အဲ့ဒါအတွက် တစ်သက်လုံးပေးဆပ်ရမယ်ဆိုလည်းရပါတယ်.."
Ling Er တံတွေးမျိုချလိုက်ရသည်။
"ဘာ... ဘာကိုပြောတာလဲ..."
![](https://img.wattpad.com/cover/24986975-288-k555584.jpg)
YOU ARE READING
12 Wolves & Their Stunners [EXOxOC Fantasy]
Fanficမတူကွဲပြားတဲ့ နေရာတွေဆီက သာမန်မဟုတ်တဲ့ ကောင်မလေးခုနှစ်ယောက်နဲ့ သမန်းဝံပုလွေ ဆယ့်နှစ်ယောက်တို့ The Two Moons Academy မှာ တက်ဖို့အတွက်နဲ့ အဆောင်တစ်ခုထဲမှာ အတူနေကြရတဲ့အခါမှာ... ရုတ်ခြည်းပေါ်လာတဲ့ လှည့်ကွက်ဆန်းဖြစ်ရပ်တွေ၊ ကျရော...