7

2K 137 1
                                    

Chapter seven

လူတို့၏မျက်​​မှောက်​​ပင်​ ​နေ့တို့​ပြောင်းလဲကုန်​ကြပြီး​နောက်​ ​ရောက်​ရှိ​ပြီဟူသောအထိမ်းအမှတ်​အ​နေဖြင့်​ အင်္ဂါ​နေ့တစ်​ရက်​​က​တော့ နံရံ​ပေါ်မှပြက္ခဒိန်​တစ်​ချပ်​နှင့်​အတူ အနီခြစ်​ခံလိုက်​ရ​လေသည်​။

နိုဝင်​ဘာလ၏ ဒုတိယရက်သတ္တပတ်​ကို စက္ကန့်​တို့တ​ရွေ့​ရွေ့ဖြတ်​​ကျော်​သည်​နှင့်​အမျှ ​ဆောင်းဦး၏​လေညင်း​တို့က ကိုရီးယားနိုင်​ငံကိုဝင်​​ရောက်​လည်​ပတ်​​နေကြသည်​။

ဆောင်းဦးရာသီ၏ အလှအတွက်​ သစ်​ပင်​​ပေါ်မှသစ်​ရွက်​တို့ ​လေထဲ​ဝေ့ပျံရင်း

ကိုယ့်​ကိုယ်​ကိုစ​တေးကြသည်။ သစ်​ရွက်​​တို့က တွဲ​ခို​နေ​သောသစ်ပင်ကိုယ်​စီမှ အနာဂတ်​​မြေဩဇာအဖြစ် ကမ္ဘာ​မြေကြီး​ကို​ပွေ့ဖက်​​နေကြသည်​။

မြင်​​ကွင်း​ရှေ့မှသဘာဝ၏ပန်းချီကားကို ကြည့်​ရှုခံစားရင်း ​Suho တစ်​​ယောက်​ လက်​ထဲမှ​ကော်​ဖီခွက်​ဆီမှ ​ကော်​ဖီကို​တစ်​ငုံ​သောက်​လိုက်​သည်​။ သစ်​​တောပမာ​နေရာကြီးတစ်​​ဝိုက်​မှ သစ်​ရွက်​တို့က ပီကာဆို၏ပန်းချီကားတစ်​ချပ်​လို လှပ​နေကြသည်​။ Suho ကို လသာ​ဆောင်​မှကျူး​ကျော်​လာ​သော ​လေပြည်​အချို့တို့တိုက်​ခတ်​​သောအခါ Suho ဆံပင်​တို့​လေထဲတွင်​ အိပ်​မက်​ဆန်​ဆန်​ဝဲပျံသွားကြသည်​။

"​ဪ... Suho shii."

လသာ​ဆောင်​ဝင်​​ပေါက်​တံခါးဆီမှ အသံတစ်​သံထွက်​လာ​တော့ ဘယ်​သူလဲဟု Suho စဉ်းစားမိလိုက်​သည်​။ လှည့်​အကြည့်​တွင်​​တော့ လက်​နှစ်​ဖက်​ကိုပွတ်​ကာ တံခါးဝတွင်​ရပ်​​နေ​သော ​ကောင်မ​​လေးတစ်​​ယောက်ကို​ Suho ​တွေ့လိုက်​ရသည်​။

"ညီမဝင်​လာလို့ရလား..."

"ရတာ​ပေါ့။"

Suho ပြန်​​ဖြေကာ မတ်တ​ပ်ရပ်ေ​န​သော​ကောင်​မ​လေး သို့မဟုတ်​ Taylor ကို ထိုင်​ခုံတစ်​ခုကို​တွန်း​ပေးလိုက်​သည်​။

Taylor က တစ်​ချက်​ပြုံးကာ Suho ​ဘေးရှိ ဝရန်​တာမှ ကုလားထိုင်​တစ်လုံး​ပေါ်ဝင်​ထိုင်​သည်​။ ​နေဝင်​ရီတ​ရောအချိန်​အထိသူတို့တိတ်​ဆိတ်​​နေကြသည်မှာ Suho ၏အသံက တိတ်​ဆိတ်​ခြင်းဖြင့်​သာလွှမ်းခြုံ​နေ​သော ပတ်​ဝန်းကျင်ကို မဖြိုခွဲလိုက်​စဉ်​ထိသာဖြစ်​သည်​။

12 Wolves & Their Stunners [EXOxOC Fantasy]Where stories live. Discover now