6

2K 136 3
                                    

Chapter six

"Kai... Kai!"

Hana ​လှုပ်​နှိုး​နေမိ​သော်​လည်း Kai က သတိလစ်​​နေပြီ။

"ကျွန်​​တော်​တို့အခုဘာလုပ်​ကြမှာလဲ။"

Tao က ​မေးကာ Hana အ​ဖြေကို​စောင့်​​နေသည်​။ Hana ​နောက်​ကိုလှည့်​ကြည့်​​တော့ Luhan Hyung က Kai လိုပဲ သတိ​မေ့​နေ​သော Sehun ကို ဆွဲထူလိုက်တာ​ကို တွေ့ရသည်​။

"အိမ်​ကိုကားနဲ့ပြန်​ရ​အောင်​။ Tao, Kai ကို ငါတို့ကား​ပေါ်တင်​လိုက်​။ Hana နဲ့ ငါ တခြားသူ​တွေကိုသွားရှာမယ်​။"

SuHo က အမြန်​ဆုံးဖြတ်​လိုက်​တော့ အကုန်​လုံးကိုယ့်​တာဝန်​ကိုယ်စ​​လုပ်​ရ​သည်​။

စာသင်​ချိန်​​တွေကစ​နေပြီ။ Lay Hyung က ​ဆေးကု​ပေးမည့်​သူဖြစ်​၍ အခန်း​စေ့လိုက်​ရှာရ​သေးသည်​။ ​နောက်​ဆုံးတွင်​မှ Lay ကို Ling Er နှင့်​အတူ အနုပညာသမိုင်း​ သင်​သည့်​စာသင်​ခန်းထဲတွင်​​တွေ့သည်​။ သူတို့နှစ်​​ယောက်​အတွက်​ ဆရာ့ကိုခွင့်​တိုင်​ပြီးမှ ကား​ဆီထွက်လာခဲ့သည်​။

"သူတို့အဆင်​​ပြေရဲ့လား..."

"မသိဘူး Hyung. ဒါ​ပေမဲ့ နှစ်​​ယောက်​လုံးသတိလစ်​​နေတယ်​။"

Hana ပြန်​​ဖြေကာ ကားပါကင်​​ရှေ့တွင်​ရပ်​ထား​သော ကားထံကို မြန်​နိုင်​သမျှမြန်​မြန်​​လျှောက်​သွားမိသည်​။

" အဆင်​မ​ပြေတာ​တော့​သေချာ​နေပြီ။"

ကားတံခါးတွင် ​​စွန်းနေ​သော ​သွေးစက်​အချို့ကို​တွေ့​တော့ Lay Hyung က​ပြောသည်​။ ဘယ်သူမှမမြင်ခင်​ ​​Hana ထို​သွေးစက်​​တွေကိုသုတ်​ကာ ကား​ပေါ်တက်​လိုက်​ပါသည်​။

~__**__**__~

"အား... နာတယ်​"

Hana က Kai ၏ နှုတ်ခမ်း​​​ထောင့်​ကို ​ဆေးအနည်းငယ်​ထည့်​လိုက်​​တော့ Kai က ထ​အော်​သည်​။ Hana သူ့ကိုမျက်​​စောင်းထိုးလိုက်​တော့ လုံးဝနိုး​နေပြီဖြစ်​​သော Sehun ၏ ရယ်​သံကိုကြားလိုက်​ရသည်​။

Kai က Sehun ကို လက်​သီးဆုပ်​ပြလိုက်​​တော့ Sehun က လျှာထုတ်​ပြသည်​။

"ပြီးပြီ။ င​ကြောက်​ကတစ်​​မှောင့်..."

Hana ​ပြောလိုက်​ကာ Kai ကို စိုက်​ကြည့်​၍​ ​မေးလိုက်​သည်​။

12 Wolves & Their Stunners [EXOxOC Fantasy]Where stories live. Discover now