Chapter twenty-three
"ငါမေးနေတာကိုဖြေပါ..."
Soo Young ပြောလိုက်ပေမဲ့ ဘယ်သူမှပြန်မဖြေ။
"သခင်မလေးရှေ့ကမဖယ်ရင် ကျွန်တော်တို့ သခင်မလေးကိုပါ တိုက်ခိုက်ရပါလိမ့်မယ်..."
သခင်မလေးဆိုသော အသုံးအနှုန်းကြောင့် အားလုံးလန့်သွားကြသည်။
"ငါ့ကိုအရင်သတ်ကြပေါ့..."
Soo Young ကပြောကာ လက်မှအဆောင်ကို နှုတ်ခမ်းဖြင့်ထိလိုက်ရင်း Luhan ဘေးတွင်ရပ်လိုက်သည်။
"Luhan... တောင်းပန်ပါတယ်..."
Soo Young မျက်လုံးခဏမှိတ်ရာမှ ဖွင့်လိုက်သောအခါတွင်တော့ မျက်လုံးတွေက အနက်ရောင်အစား အညိုရောင်ဖြစ်နေပြီ။ Soo Young လည်ပင်းတစ်ချက်ခါလိုက်ပြီးနောက်တွင်တော့ မြေပေါ်ကိုလေးဘက်ထောက်ကျသွားသည်။
အရေပြားတွေ၏ နေရာတွင် အဖြူရောင်အမွှေးရှည်များထွက်လာပြီးနောက်တွင်တော့ ကိုးချောင်းသော အမြီးတို့က Soo Young ကို ပိုမိုကြောက်လန့်စရာကောင်းသွားစေသည်။
အခုအားလုံး၏ရှေ့တွင်ရှိနေသည်မှာ Soo Young လို့သူတို့ခေါ်ခဲ့သော...
အဖြူရောင်မြေခွေးတစ်ကောင်။
~*~*~*~*~*~*~*~*~*~*~*~
Soo Young ၏ မြေခွေးသဏ္ဌာန်က ပုံမှန်မြေခွေးတွေထက် အတန်ငယ်ကြီးသည်။ အရောင်ရော အရေးပါမှုပါကွာခြားသောကြောင့် အချို့သော မြေခွေးလူသားတို့နောက်ပြန်ဆုတ်ကြသည်။
Soo Young ၏ သွားဖြူဖြူတို့ပေါ်လာတာနှင့် တစ်ပြိုင်နက်တည်း မြေခွေးလူသားအားလုံး ခြေတစ်လှမ်းပြန်ဆုတ်လိုက်ကြပြီ။
"မင်းတို့မတိုက်လည်း ငါတို့ကတိုက်ကြမှာပဲ..."
တစ်ယောက်ကပြောကာ ရှေ့တိုးလိုက်တာနှင့် Soo Young က ခုန်အုပ်ပစ်လိုက်သည်။ ထို Dragon အဖွဲ့ဝင်သည် ခဏအကြာမှာပဲ အလောင်းတစ်လောင်းဖြစ်သွားသည်။
![](https://img.wattpad.com/cover/24986975-288-k555584.jpg)
YOU ARE READING
12 Wolves & Their Stunners [EXOxOC Fantasy]
Fanficမတူကွဲပြားတဲ့ နေရာတွေဆီက သာမန်မဟုတ်တဲ့ ကောင်မလေးခုနှစ်ယောက်နဲ့ သမန်းဝံပုလွေ ဆယ့်နှစ်ယောက်တို့ The Two Moons Academy မှာ တက်ဖို့အတွက်နဲ့ အဆောင်တစ်ခုထဲမှာ အတူနေကြရတဲ့အခါမှာ... ရုတ်ခြည်းပေါ်လာတဲ့ လှည့်ကွက်ဆန်းဖြစ်ရပ်တွေ၊ ကျရော...