13

1.5K 118 2
                                    

Chapter thirteen

Hana ရပ်​ကာထိုဝိညာဉ်​တို့ကို ​ကြောင်​ကြည့်​​နေမိသည်​။ Hana အ​ကြောင်းအား​လျော်​စွာ ဝိညာဉ်​အချို့ကို မြင်​ခဲ့ဖူးသည်​။ ဒါ​ပေမဲ့ ဒီလို​အ​ခြေအ​နေမျိုးတွင်​​တော့ မဟုတ်​။

"Hana... ဘာ​တွေကြည့်​​နေတာလဲ..."

Kai က​​ပြောရင်း Hana ပခုံးကိုပုတ်​​တော့ Hana ​နောက်​ကိုဆုတ်​မိရင်း Kai ကိုလှည့်​ကြည့်​​မိသည်​။ Kai က ခုနက Hana ကြည့်​​နေ​သော သစ်​ပင်​ထက်​ကို လှမ်းကြည့်​သည်​။

"ဘာမှလည်း​မရှိဘဲနဲ့... ဘာဖြစ်​လို့လဲ...."

Hana ကို အကုန်​လုံးတအံ့တဩ ဝိုင်းကြည့်​​နေစဉ်​ ထိုဝိညာဉ်​​တွေက Hana ကိုစူးစိုက်​ကြည့်​ရင်း တဖြည်းဖြည်း​အောက်​ကိုနိမ့်​ဆင်းကာ ​မြေ​ပေါ်ကျလာသည်​။

"​နေပါဦး... တစ်​​ယောက်​​ယောက်​... ဘယ်​သူမှမမြင်​ရဘူးလား..."

Hana ​ရှေ့တိုးလာ​သော ​ဝိညာဉ်​ခုနှစ်​ခုကို ကြည့်​ကာ​နောက်​ကို ဆုတ်​လိုက်​ရသည်​။

"ဘာကိုလဲ... Hana..."

Kai က Hana ကို ပခုံးမှကိုင်​ကာ ဆွဲလှည့်​ရင်း​​မေးသည်​။ ပြီး​တော့ မျက်​လုံးထဲကို​သေချာစိုက်ကြည့်​​နေသည်​။ Hana အသက်​ပြင်းပြင်းရှူသွင်းရင်း​​ ခေါင်းခါလိုက်​သည်​။

"ဘာမှမဟုတ်​ဘူး..."

"တစ်​ခုခုမှား​နေပြီမဟုတ်​လား..."

Kai ​မေး​တော့ Hana ​ခေါင်းကိုသာခပ်​သွက်​သွက်​​​ ခါယမ်းရင်း ​နောက်​ကိုဆုတ်​လိုက်​ကာ ထိုဝိညာဉ်​​တွေရှိခဲ့ရာဘက်​ လှည့်​ကြည့်​​တော့ ဘာမှရှိမ​နေ​တော့။

"ထားလိုက်​ပါ​တော့..."

Hana က Tao နှင့်​ SuLan တို့ကို အိမ်​ထဲချီသယ်​ရင်း အလုပ်​ရှုပ်​​နေ​သောသူတို့၏ ​ဘေးမှဖြတ်​ကာ အိမ်ထဲဝင်​လာမိ​သော်​လည်း ခုနကကိစ္စအတွက်​ စိတ်​ထဲတွင်​မတင်​မကျဖြစ်​၍​နေသည်​။ ထိုဝိညာဉ်​က Hana ကို ထိကိုင်​နိုင်​သည်​အထိ အင်​အားကြီး​နေတာ တိုက်​ဆိုင်​မှုတစ်​ခုလို့ ဖြစ်​နိုင်​​သော်​လည်း Hana ဒီကိစ္စကို ဒီအတိုင်းပဲထားလျှင်​ နောင်​တစ်​ခုခုဖြစ်​လာနိုင်​သည်​။

12 Wolves & Their Stunners [EXOxOC Fantasy]Where stories live. Discover now