16

1.3K 126 0
                                    

Chapter sixteen

နေ့လယ်​ထမင်းစားချိန်​​ရောက်​​​သောအခါတွင်​​​တော့ Yuki သတင်းက​တော်​​တော်​ကိုပြန့်​​နေပြီဖြစ်​သည်​။ ​ကျောင်းအုပ်​ကြီး Yuki ကို​ခေါ်ဆူသည်​ဆိုတာကလည်း အကုန်​သိ​​နေ​သော သဆင်းတစ်​ခုဖြစ်​​နေပါပြီ။

Hana ဘယ်​သူနဲ့မှမ​ရောဘဲ ပုံမှန်​အတိုင်းပဲ စားပွဲအလွတ်​တစ်​ခုမှာ ဝင်​ထိုင်​လိုက်​သည်​။

"Hana!"

Hana လှည့်​ကြည့်​မိ​တော့ Kai က Hana ကို လူ​တွေမ​ရောက်​​သေး​သော သူတို့ထိုင်​​နေရာစားပွဲခုံမှ လက်​ယပ်​ကာ​ခေါ်​နေသည်​ကို ​တွေ့ရသည်​။ Hana လွယ်​အိတ်​ကို​ကောက်​ယူပြီး Kai ဆီ​လျှောက်​သွား​တော့ Kai က သူ့​ဘေးမှထိုင်​ခုံကို ပုတ်​ပြသည်​။

"ဒီမှာထိုင်​လို့ရတဲ့ဟာကို... ဘာလို့အဲ့ဒီ့မှာသွားသွားထိုင်​​နေတာလဲ..."

"နင်​နဲ့မထိုင်​ချင်​လို့..."

Hana စကား​ကြောင့်​ Kai ရယ်​လိုက်​​သည်​။

"ဒါ​ဆို အဲ့ဒီ့ခုံမှာ ကိုယ်​လိုက်​ထိုင်​ရင်​​ရော... ဖြစ်​မလား..."

Hana နှင့်​ သူ နှစ်​​ယောက်​တည်း ထိုင်​ရမှာထက်​စာလျှင်​ ဒီမှာက လူ​တွေများလို့ ပိုအဆင်​​ပြေ​သည်​။ ​ဘေးတွင်​ရှိ​နေ​သော Sehun က သူထိုင်​​နေ​သောခုံကို​ဘေးသို့ နည်းနည်း​ရွှေ့​ပေး​တော့ Hana ဝင်​ကာထိုင်​လိုက်​သည်​။

"လိမ္မာလိုက်​တာ... တကယ်​ပဲ..."

Kai က Hana ဆံပင်​ကိုပွတ်​ရင်း​ပြော​​တော့ Hana သူ့လက်​ကိုရိုက်​ချပစ်​ရင်း မျက်​​စောင်းထိုးလိုက်​သည်​။

"​အေး​အေး​ဆေး​ဆေး​နေ​နော်​..."

Kai ရယ်လိုက်​သည့်​အချိန်​မှာပဲ Hana ​ရှေ့တည့်​တည့်​ခုံတွင်​ Chen က ဝင်​ထိုင်​လိုက်​သည်​။

"Oh... Hana က ဘယ်​လို​ရောက်​လာတာလဲ..."

XiuMin က Chen ​ဘေးဝင်​ထိုင်​ရင်း...

"Kai ​ကြောင့်​ပဲဖြစ်​မှာ​ပေါ့... ဘာရှိရဦးမှာလဲ..."

"ဟုတ်​တာ​ပေါ့... ကျွန်​​တော့်​​ကြောင့်​​ပေါ့..."

12 Wolves & Their Stunners [EXOxOC Fantasy]Where stories live. Discover now