28

1.5K 119 2
                                    

Chapter twenty-eight

"ငါတို့​ရွေးစရာမရှိဘူး... လူခွဲသွားကြတာ​ပေါ့... ငါတို့ထဲက အနည်းဆုံးလူတစ်​​ယောက်​က​တော့ တံဆိပ်​ကိုယူနိုင်​မှာပဲ... ငါတို့ အန္တရာယ်​ဖြစ်​ရင်​... ဒါမှမဟုတ်​ ​ရှာထားတာ​တွေ့ပြီဆိုရင်​​..."

SuHo က ခဏ နား​နေသည်​။ ပြီးမှ Lay ကို...

"Lay... Telepathy နဲ့ ငါ့ကိုစကား​ပြောကြည့်​စမ်းပါ..."

Lay က မျက်​လုံးခဏမှိတ်​လိုက်​သည်​။ စိတ်​ထဲမှလည်း စကားတစ်​ခွန်းပို့လိုက်​သည်​။

Suho မျက်​နှာနီရဲသွား​သော်​လည်း ​ခေါင်းညိတ်​လိုက်​သည်​။

"Telepathy ​တော့ သုံးလို့ရ​သေးလို့ ​တော်​​သေးတာ​ပေါ့... တစ်​ခုခုအ​ကြောင်းရှိ​ရင်​ ပို့လိုက်​ပါ... သွားကြရ​အောင်​..."

SuHo စကားကို ​ခေါင်းညိတ်​လိုက်​ကြပြီး​နောက်​တွင်​​တော့ SuHo က လူခွဲ​ပေးသည်​။

"Taylor နဲ့ D.O ငါနဲ့လိုက်​ခဲ့... ChanYeol, Chen နဲ့..."

ChanYeol က Miho လက်​ကိုဆွဲလိုက်​​တော့ SuHo က ​ခေါင်းညိတ်​သည်​။

"Miho, ChanYeol နဲ့လိုက်​။ Kai, Hana, Lay နဲ့ Ling Er နဲ့... Luhan, Soo Young နဲ့ Kris, SuLan, Tao နဲ့ SaeHwa. XiuMin Hyung က Yuki နဲ့ Sehun ကို​ခေါ်သွား​ပေးပါ..."

အားလုံး ကိုယ့်​လူစုကိုယ်​စုပြီး​နောက်​တွင်​​တော့ လမ်းတစ်​​ပေါက်​စီကို လူတစ်​ဖွဲ့နှုန်းဖြင့်​ ဝင်​လိုက်​ကြပါသည်​။

~*~*~*~*~

#SuHo, Taylor, D.O

သူတို့​တွေ ဝင်​သည့်​လမ်းက သာမန်​ထက် ​​ပိုသွားလာရခက်​ခဲ​နေသည်​။ ဆူး​ငြောင့်​ခလုတ်​​တွေအများကြီးဖြစ်​ကာ Taylor ခဏခဏ​ချော်​လဲမလို​တောင်​ဖြစ်​သည်​။ SuHo က Taylor ​ရော၊ D.O ကိုပါ လက်​တွဲ​ခေါ်ရင်း တဖြည်းဖြည်းနှင့်​ နက်​လာ​လေသည်​။

ဆယ့်​ငါးမိနစ်​​လောက်​ကြာ​တော့ အသက်​ရှူရအနည်းငယ်​ ခက်​ခဲလာသည်​။

"အား..."

Taylor ​ပြလိုက်​​တော့ ​မြွေနက်​တစ်​​ကောင်​ ဖြစ်​​နေသည်​။ ထို​မြွေကို D.O က ​ဘေးမှ​​ကျောက်​တုံးတစ်​တုံးကိုဆွဲယူ၍ ထို​မြွေကို​ကျောက်​တုံးဖြင့်​ ပိ​အောင်​လုပ်​လိုက်​​သည်​။ ​ထို​မြွေကြီးတွန့်​လိမ်​ကာ ​သေဆုံးသွား​သောအခါ​တွင်​​တော့ သူတို့ရပ်​​နေရာ​မြေကြီးက အနည်းငယ်​တုန်​ခါသွားသည်​။

12 Wolves & Their Stunners [EXOxOC Fantasy]Where stories live. Discover now