အပိုင်း ( ၃ )
စူးစူးဝါးဝါး အကြည့်ခံနေရသော အခြေအနေ
ကြောင့် ဘတ်ဟျွန်းချွေးများပင် စို့ချင်လာသည် ။မိမိအရပ်လေး ပို ပုဝင်သွားသလို ခံစားရ၏ ။
လက်လေးနှစ်ဖက်ကို နောက်ပစ်ရင်း ရွေ့ရွေ့
ရွေ့ရွေ့ဖြင့် ထိုသခင်လေးရှေ့မှမသိချင်ယောင်
ဆောင်လျှက် တုံးတုံးအအမျက်နှာပေးလေး
လုပ်လျှက် ထွက်လာခဲ့တော့ သည် ။ကျန်ခဲ့သော အိမ်ရှေ့စံမင်းသားမှာမူ
ကျစ်ကျစ်ဆုပ်ကာ တဆတ်ဆတ်တုန်ယင်
နေသော လက်သီးကို ဖိနှိပ်ရင်း .....' အစကတော့ ဒီတိုင်း နန်းတွင်းကထွက်သွားေ
အောင်လုပ်မလို့ပဲ ။
အခုတော့ မဖြစ်တော့ဘူးထင်တယ် ။ 'လူယုတ်မာ အပြုံးကြီးနှင့် ပုခုံးများလှုပ်အောင်
တဟက်ဟက် ရယ်နေသောမင်းသားအား
အဝေးတစ်နေရာမှ အပျိုတော်လေးများ မြင်သွား
သောအခါ .........' ဝါး ... ငါတို့ဒေါသအိုးကြီး
အဲ့ဒါ ဘာဖြစ်နေတာလဲ '' ဂေါက်သွားပြီ နေမှာပေါ့ဟယ် '
တကျစ်ကျစ် စုပ်လေးသပ်ရင်း ခေါင်းခါကာ
သနားကြည့်လေး ကြည့်နေခိုက် ဆတ်ကနဲ
လှည့်လာသော မင်းသား၏ ရှစ်ခေါက်ချိုး
မျက်နှာကြီးကြောင့် အလျှင်အမြန်ပင် ဦးညွှတ်
လိုက်ရသည် ။အိမ်ရှေ့စံကတော့ ချောင်းတစ်ချက်အကျယ်ကြီး
ဟန့်ရင်း မျက်နှာကို မော့ချီ လက်ကြီးနောက်ပစ်
လျှက် ထွက်သွားလေပြီ ။' ဗြောင်သခင်လေး ရောက်လာပါပြီလား '
လာရောက် ခရီးဦးကြိုပြုသော အထိန်းတော်ကြီး
၏ မျက်နှာမှာ ကိစ္စတစ်ခုခုအတွက် ပူပင်နေသလို ရှုံ့မဲ့နေ၏ ။ဘတ်ဟျွန်းသည် ခန္ဓာကိုယ်ကို မတ်နေအောင်
ပြင်လိုက်သည် ။
ထို့နောက် အစ်ကို ဆူဟျွန်း လုပ်သလို
ခပ်သာသာလေး ပြုံး၍ နှုတ်ဆက်မှုက်ို ပြန်လည်
အသိအမှတ်ပြု ခေါင်းလေးတစ်ချက်ငြိမ့်ပြလိုက်
၏ ။
YOU ARE READING
( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်း
Historical Fictioncoverd by : MaYa_H အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ သခင်လေးဟာ နန်းတွင်းသို့ မဝင်မီ ညအတွင်းမှာပဲ ပျောက်ဆုံး ခဲ့ပါတယ် ...... ထူးချွန်ရည်မွန်ပြီး ဓားရေးကောင်းမွန်လွန်းတဲ့ အစ်ကိုဖြစ်သူရဲ့န...