အပိုင်း ( ၁၄. )
ရင်ခုန်သံတဒိတ်ဒိတ်သည် နားရွက်ဖျားထိတိုင် နွေးစေလျှက် တငွေ့ငွေ့တက်လာသော်လည်း နှုတ်ခမ်းပေါ်က လှုပ်ရှားမှုများ
သည် မရပ်တန့်သေး...အပိုထပ်ဆောင်း၍ သူ့ပုခုံးပေါ်ကိုပါ လက်နှစ်ဖက် ယှက်တင်လာပြီး ခေါင်းကို စောင်းကာ
စောင်းကာ နမ်းနေခြင်းပင်ဖြစ်သည်.." လူရှိလားလို့ မေးနေ....... အဲ "
တံခါးကို ဇွတ်ဖွင့်လျှက်ဝင်လာသော တပ်သားလေး တစ်ဦးသည် စကားပင်မဆုံး
နိုင်လိုက်..
စာအုပ်ဆောင်ထဲတွင် အပြင်းအထန်
ချစ်ကြည်နူးတစ်တီတူးနေကြသော မိန်းမလှ
လေးတို့အတွဲကြောင့် ချက်ချင်းပင် အကြည့်
လွှဲကာ ခေါင်းကိုအောက်သို့ငုံ့လိုက်ရသည်.....လူပျိုပေါက် တပ်သားလေးမှာ ပါးတွေနီရဲ
လာသည်အထိ....ရှက်သွားရ၏.." တောင်း တောင်းပန်ပါတယ်..... အဟမ်း
စာအုပ်ဆောင်ထဲမှာတော့ မ. မလုပ်နဲ့ပေါ့ "ချက်ချင်းဆိုသလို လှစ်ကနဲ လှည့်ပြန်ကာ
တံခါးဆောင့်ပိတ်သံအဆုံး နမ်းနေခြင်းကို
ရပ်တန့်ပြီး.... တံခါးဘက်ကို အမောတကော
လှည့်ကြည့်ကာ သက်ပြင်းချသော မိန်းမလှလေး တစ်ဖြစ်လဲ ဘတ်ဟျွန်းနှင့်......မျက်လုံးကြီးပြူးကာ ကြောင်တောင်တောင်
ကြီး ဖြစ်နေသော အိမ်ရှေ့စံတို့ ရှိခဲ့လေသည်..." တော်တော်ကဲတဲ့အတွဲ "
အားကျစိတ်တစ်ဝက် အပြစ်တင်လိုစိတ်
တစ်ဝက်နှင့် ထွက်လာသော ရေရွတ်စကားနှင့်
အတူ အပြင်ဘက်က ခြေသံတဖြတ်ဖြတ်
ဝေးကွာသွားတော့မှ.... ဘတ်ဟျွန်းရင်ဘတ်
ထဲက အလုံးကြီးကျတော့၏......" ဟူး....... တော်သေးတာပေါ့......
မမိလို့....... "ဘတ်ဟျွန်းသည် ပြောပြောဆိုဆိုနှင့် မျက်နှာကို ရှေ့ဘက်ပြန်လှည့်တော့ တစ်ချက်မှမလှုပ်
ပဲ မျက်လုံးကြီးပြူးကာ ငြိမ်သက်နေသော
အိမ်ရှေ့စံအား တွေ့ရသည်......ဘုရားရေ.......
ငါဘာတွေ လုပ်မိလုပ်ရာ လုပ်လိုက်တာတုန်း
ဒီတစ်ခါတော့ တစ်ကယ် ခေါင်းပြတ်ပြီပဲ......
သေလိုက်ပါတော့... သေလိုက်ပါတော့....
YOU ARE READING
( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်း
Historical Fictioncoverd by : MaYa_H အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ သခင်လေးဟာ နန်းတွင်းသို့ မဝင်မီ ညအတွင်းမှာပဲ ပျောက်ဆုံး ခဲ့ပါတယ် ...... ထူးချွန်ရည်မွန်ပြီး ဓားရေးကောင်းမွန်လွန်းတဲ့ အစ်ကိုဖြစ်သူရဲ့န...