ဘယ်သူ့ ရင်ခုန်သံလဲ?

1.5K 146 3
                                    

အပိုင်း ( ၁၂. )

အမှောင်ရိပ်ကြီးစိုးနေသော နန်းတော်ကြီး၏
ခြံဝန်းအတွင်းတွင် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လျှက်ရှိသော်လည်း ခြေသံတရှပ်ရှပ် က ခပ်စိတ်စိတ်ထွက်ပေါ်နေလေသည် ။

ပေါ့ပါးသော ငှက်မွေးစလေးပမာ အုတ်နံရံကို
ကျော်လွှားလိုက်သော ဘတ်ဟျွန်းသည်
နန်းတော်ထဲမှ ခိုးထွက်ခြင်းအမှု အောင်မြင်စွာ
ပြီးမြောက်သွား၍ လက်ဖဝါးနှစ်ဖက်မှ ဖုန်မှုန့်
များကို အားပါးတရပင် ခါချလိုက်၏ ။

" အစကတည်းက ငါ့ကိုပါခေါ်သွားရင်
ဒီလိုချောင်းလိုက်နေရာမလိုဘူး.....
တော်တော် ုဲက္ခပေးတဲ့အရှင်.... "

မင်းသားဂိုဂဟျောင်းနဲ့ စကားပြောတုန်းက
တော့ ငါ့ကိုယ်ရံတော်ကို ယုံတယ်လေး
ဘာလေးနဲ့..... တကယ်တော့ သူကဒီတိုင်း
အိမ်ရှေ့စံအတွက်တော့ ကိုယ်ရံတော်တပ်မှူး
လောက်တောင်ယုံကြည်ချင်စရာ မကောင်းတဲ့
လူ.........

ဒီက ​ြေဗာင်ဘတ်ဟျွန်းဆိုတာကလည်း
ကိုယ့်ကို မသိစေချင်တဲ့ကိစ္စမျိုးဆို ပိုလို့
စပ်စုချင်တဲ့ ဗီဇက ပါလာပြီးသားဆိုတော့
နှစ်ခါစဥ်းစားစရာတောင်မလိုပဲ အိမ်ရှေ့စံ
တို့နောက်က လိုက်လာခဲ့သည်လေ ။

မင်းသားဂိုဂဟျောင်းနဲ့ မာဂျောင်းသေရည်
ဆိုင်မှာ လျို့ဝှက်တွေ့ဆုံမယ့်အကြောင်းကိုသိပြီးသား ဘတ်ဟျွန်းကတော့ ခပ်သွက်သွက်
ခြေလှမ်းတွေနဲ့သာ ပြေးလိုက်ခဲ့တော့သည် ။

မာဂျောင်းသေရည်ဆိုင်သည် မြို့တော်၏
အကောင်းဆုံးသေရည်ဆိုင်များထဲမှတစ်ခုဖြစ်သည့်အလျောက် ညအချိန်လင့်နေပြီ
ဖြစ်လင့်ကစား လူတို့တရုန်းရုန်းဖြင့်စည်ကား
လှပေသည် ။

အပေါ်ထပ်တွင် မျိုးနွယ်မြင့်များသီးသန့်
နေထိုင်နိုင်ရန် စားပွဲတစ်ဝိုင်းနှင့်တစ်ဝိုင်းကို
ဝါကျင့်ဇာပိတ်စတို့နှင့် ကွယ်ကာပေးထားသည်မှာ အဆင်ပြေလှပေသည် ။

ထို့သို့ရောက်ပြီး ဘတ်ဟ​ျွန်းသိပ်ကြာကြာ
မရှာလိုက်ရပေ.....

ဝရန်တာနှင့်အနီးဆုံး လိုက်ကာတန်းတွင်
အိမ်ရှေ့စံမင်းသား ကိုယ်ရံတော်တပ်မှူးတို့
အပြင် မင်းသားဂိုဂဟျောင်းကိုပါ လှမ်းမြင်
လိုက်ရလေသည် ။

( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်းWhere stories live. Discover now