အပိုင်း ( ၁ )ရာစုနှစ် ၁၉ ခု ။
ဂိုမင်းဆက်အုပ်စိုးစဉ်ကာလ ။
အေဒီ ၃၉ ။
ဂိုလျောပြည်တွင် ဖြစ်သည် ။' ဒါက ဘယ်လိုဖြစ်ရတာလဲ '
သြဇာကြီးမားလှသော မယ်တော်ကြီး၏
အသံကား နန်းဆောင်တစ်ခုလုံး ဟိန်းကနဲ
ဖုံးလွှမ်းသွားရ၏ ။အဖြစ်အပျက်အစုံအလင်ကို လျှောက်တင်လာ
သူ အထိန်းတော်ကြီးမှာလည်း မယ်တော်ကြီး
ရှေ့ဝပ်တွားခယလို့ ခေါင်းပင်မဖော်ဝံ့ချေ ။' ဘယ်သူကများ ငါတန်ဖိုးထားရတဲ့ ငါ့မြေးကို..
ဒီ ဂိုလျောရဲ့ အိမ်ရှေ့စံကို စော်ကားရဲ ရတာလဲ '' စိတ် .. စ်ိတ်လျှော့ပါ မယ်မယ် .. '
ကြောက်ဒူးတုန်နေပြီဖြစ်သောအထိန်းတော်ကြီး
မှာလည်း တတ်နိုင်သမျှ အသံကိုမတုန်အောင်
ထိန်းပြောရင်း မယ်တော်ကြီး၏ ဒေါသအား
ထိန်းထားရသည် ။' ဘတ်ဂျယ်ရဲ့ အိမ်ရှေ့စံနဲ့ဖြစ်တဲ့ပြသနာမို့ ...
မင်းကြီးကလည်း ဒီတိုင်း ဖြေဖျောက်ပစ်လိုက်
ဖို့မှာ ... မှာ '' တိတ်စမ်း ! '
အထိန်းတော်ကြီး၏ခေါင်း မြေကြီးထဲသို့ဝင်သွား
တော့မတတ်ဖြစ်သွားရ၏ ။' ဧည့်သည် အိမ်ရှေ့စံက အိမ်ရှင်ကို စော်ကား
တာ ဘာကြောင့်သည်းခံနေရမှာလဲ ......
ငါ့အဖိုးတန်လေးကို ... ရာရာစစ ...
ငါရဲ့ ထူးချွန်လှတဲ့ အိမ်ရှေ့စံလေးကို '' မယ်မယ် '
ဘေးမှာရပ်၍ ပွဲ ကြည့်ပရိသတ်လုပ်နေသူ
အထိန်းတော်ချုပ်ကြီး၏ တည်ငြိမ်သောအသံကား နန်းဆောင်ထဲ ကြည်လင်ပြတ်သားစွာ
ထွက်ပေါ်လာ၏ ။' အိမ်ရှေ့စံရဲ့ စာမေးပွဲအမှတ်တွေကို
သိပြီးပါပြီလား ......သုည ပါ မယ်မယ် .. သုညပါ ....
ဘတ်ဂျယ်အိမ်ရှေ့စံကြိတ်ရယ်တာဖြစ်သင့်ပါ
တယ် ။ '
KAMU SEDANG MEMBACA
( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်း
Fiksi Sejarahcoverd by : MaYa_H အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ သခင်လေးဟာ နန်းတွင်းသို့ မဝင်မီ ညအတွင်းမှာပဲ ပျောက်ဆုံး ခဲ့ပါတယ် ...... ထူးချွန်ရည်မွန်ပြီး ဓားရေးကောင်းမွန်လွန်းတဲ့ အစ်ကိုဖြစ်သူရဲ့န...