အပိုင်း ( ၁၃. )
အိမ်ရှေ့စံသည်ဘတ်ဟျွန်းပေါ်ထက်မှ မထမိ
သေးဘဲ ဒီတိုင်းမျက်လုံးကြီးပြူးကာ ကြောင်
၍ ကြည့်နေလေသည်.....ဘာလဲ.....
ဒီလိုရှက်ဖို့ကောင်းတဲ့ အခြေအနေကဘာကြီး
လဲ........တံတွေးများ တကျိုက်ကျိုက်မျိုချနေရသော
အိမ်ရှေ့စံသည် တစ်ကိုယ်လုံးလည်း ပူထူ
လျှက် ပြန်ထရန်ပင်အားအင်မရှိတော့သလို
ခံစားနေရသည်........ကိုယ်ရံတော်နဲ့ ဒီလိုမျိုး.... ဒီလိုမျိုး
ကြင်ဖော်တွေ အိပ်ဆောင်ဝင်တဲ့ပုံစံမျိုးကြီးက... ကြက်သီးထစရာကောင်းလွန်းတယ်......." အရှင့်သား....ဘာလုပ်နေတာလဲ
မြန်မြန်မထသေးပဲနဲ့ .....
ကျွန်တော့် ဗိုက်တွေနာနေပြီ .... "မျက်မှောင်ကြုံ့၍ ပြောနေသော ဘတ်ဟျွန်း
၏ အသံသည် စိတ်ရှည်ပုံနည်းနည်းလေးတောင်မရ......ထိုအခါမှ အိမ်ရှေ့စံသည် မျက်လုံးက
ဘယ်ညာယမ်းရင်း ချောင်းတဟမ်းဟမ်းဆိုး
ကာ ထတော့သည်......." ခြေ... ခြေချော်ကျသွားတာ "
လက်နှစ်ဖက်ကိုနောက်ဘက်သို့ပို့ရင်း
ပြန်ဖြေသော အိမ်ရှေ့စံသည် ဘတ်ဟျွန်းအား
တည့်တည့်မကြည့်ဘဲ မျက်နှာအားဘေးလွှဲ
ထားကာ အပေါ်ကြည့်လိုက်အောက်ငုံ့လိုက်
လုပ်နေလေသည်........သေသေချာချာ ကြည့်ပါက နားရွက်ဖျားများ
နီရဲနေသည်ကိုပင် မြင်နိုင်သေး၏......ဒီလိုအခြေအနေမျိုးသူ့ဘဝမှာ ဘယ်တုန်းက
မှ မကြုံဖူးဘူး......တစ်ယောက်ယောက်နဲ့ အတူလှဲအိပ်ဖို့ မပြောနဲ့
အသားချင်းထိဖို့တောင် လိုလားခဲ့တာ
မဟုတ်ပေ........ရုတ်တရက်ကြီး ဖြစ်သွားလို့လားမသိ....
ရင်တွေ တဒိန်းဒိန်းခုန်နေတာ ခုထိအရှိန်
မသေးနိုင်သေး .......အဆောင်ပြန်ရောက်ရင် အားဆေးတစ်ခွက်
လောက်တော့ သူသောက်သင့်သည်ဟု
ထင်သည် ..__________________
__________________အိမ်ရှေ့စံသည် အဖြူရောင်ပိုးဖဲသား
ညအိပ်ဝတ်ရုံနှင့်အတူအိပ်ယာထဲတွင်
ခြေကားယား လက်ကားယား လှဲ၍
မျက်နှာကြက်အား ကြည့်လို့နေသည်.....
YOU ARE READING
( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်း
Historical Fictioncoverd by : MaYa_H အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ သခင်လေးဟာ နန်းတွင်းသို့ မဝင်မီ ညအတွင်းမှာပဲ ပျောက်ဆုံး ခဲ့ပါတယ် ...... ထူးချွန်ရည်မွန်ပြီး ဓားရေးကောင်းမွန်လွန်းတဲ့ အစ်ကိုဖြစ်သူရဲ့န...