အပိုင်း ( ၈ )
' မဖြစ်ဘူးနော် မင်းသား .....
တစ်ယောက်ယောက်များသိသွားရင် သေပြီ 'အိမ်ရှေ့စံဝတ်ရုံများကို ချွတ်ချပြီး
စိမ်းနုရောင်ပိုးသားဝတ်ရုံလေးကို ဆင်မြန်းနေသူ မင်းသားသည် ဘေးမှ လှုပ်လှုပ်တက်၍
မိုးပြိုတော့မည့်မျက်နှာနှင့် နောက်ကတောင်းပန်
လိုက် ဘေးကတောင်းပန်လိုက်
ရှေ့ကတောင်းပန်လိုက် လုပ်နေသော
ဗြောင်သခင်လေးကို ဂရုပင်မစိုက်ပဲ အကျီၤကြိုး
အား ချည်နေသည် ။' မင်းမပြောရင် ဘယ်သူမှ မသိဘူး ။ '
ဘေးမှ ကိုယ်ရံတော်ဗြောင်သည် ခြေသလုံးများ
သာမက ပုခုံးများပါ တစ်ကိုယ်လုံး တုန်ခါ
လှုပ်ရမ်းလျှက် စိတ်ပျက်စွာညီးတွားရင်း
ဆန္ဒပြနေသော်လည်း မင်းသားက အေးဆေး ။' နန်းတော်အပြင်ခိုးထွက်တာက
ထင်သလောက်လွယ်မနေဘူးနော် မင်းသား 'သက်ပြင်းမောချ မျက်လုံးကြီးမှိတ်ပြီး
အံကြိတ်ရှင်းပြနေသော်လည်း မင်းသားက
နှုတ်ခမ်းတစ်ဖက်မို့တက်ပြီး ပြုံးသည် ။ထို့နောက် လက်ကိုနောက်ပစ်၍ ဘတ်ဟျွန်း၏
မျက်နှာနှင့်တစ်တန်းတည်းဖြစ်အောင် ခါးကုန်းချ
လိုက်ပြီး ......' မင်းမှာရထားတဲ့ တံဆိပ်ပြားလေးနဲ့ဆ်ို
ထင်တာထက်ကို ပိုလွယ်နေပါတယ်
မဟုတ်ဘူးလား 'အနိုင်ပြုံးကြီးနှင့် ပြုံးချလ်ိုက်ပြီး ပုခုံးဘေးနားက
ဖြတ်လျှောက်သွားသော မင်းသား၏
မျက်နှာခွက်ကို စုတ်ပြတ်သပ်သွားအောင်သာ
တက်ကုပ်ပစ်လိုက်ချင်တော့သည် ။ဗြောင်ဘတ်ဟျွန်းသည် မျက်စောင်းကြီးကို
ခဲထားလိုက်ပြီး ......' ကောင်းပြီလေ .. နန်းတော်အပြင်ရောက်မှ
တွေ့ကြတာပေါ့ ... ဟွန့်မ် '
YOU ARE READING
( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်း
Historical Fictioncoverd by : MaYa_H အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ သခင်လေးဟာ နန်းတွင်းသို့ မဝင်မီ ညအတွင်းမှာပဲ ပျောက်ဆုံး ခဲ့ပါတယ် ...... ထူးချွန်ရည်မွန်ပြီး ဓားရေးကောင်းမွန်လွန်းတဲ့ အစ်ကိုဖြစ်သူရဲ့န...