အခန်း ( ၄ )
နန်းတော်ကြီး တစ်ခုလုံး ငြိမ်သက်သာယာေန
ပေသည် ။အိမ်ရှေ့စံ၏ ဆရာဖြစ်သူ အသက်အငယ်ဆုံး
အမတ်လေးဂျွန်မြောင်သည် မိုယွင်း၏ကဗျာများ
စုစည်းမှု စာအုပ်ညိုလေးကိုလက်မှ တယုတယ
ကိုင်တွယ်ရင်း အပြုံးကြီးပြုံးကာ အိမ်ရှေ့ဆောင်
သို့ ရောက်လာလေသည် ။အိမ်ရှေ့စံ၏ စာလေ့လာချိန်မဟုတ်သော်လည်း
မိမိသဘောကျသည့် စာအုပ်လေးအား တပည့်
ကျော်ကို ဖတ်စေချင်လှသည့် အတွက်
တကူးတက လာပေးသော ဂျွန်မြောင်သည်
လမ်းတစ်ဝက်တွင်ပင် မျက်လုံးပြူးရလေပြီ ။' ဟိုဟာ ... ဟိုဟာ ဘယ်သူလဲ '
ခပ်လှမ်းလှမ်းမှ မြင်နေရသော တောင်ကုန်း
ထက်မှ သစ်ကိုင်းကြီးထက်တွင် တွဲလောင်းကျ
နေသော လူငယ်လေး တစ်ဦးကြောင့် နောက်သို့လန်ကျမတတ် လန့်ဖြတ်သွားရ၏ ။ထို့အတူ ဝတ်ရုံပြာကြီး ဖားယားဖားယားဖြင့်
အမြန်ပြေးကာ သွားကူညီရတော့သည် ။' လူကြီးမင်း .... ကျွန်တော့်ကို ကူညီပါဦး ...
ဂျဲပါး .... ဒါကြီး လာဖြုတ်ပေးပါ 'သူပြေးလာသည်ကို မြင်သွားသော ကောင်လေး
သည် ငိုသံပြဲ ကြီးနှင့် အော်လေတော့၏ ။ဂျွန်မြောင် တစ်ယောက် အသည်းထိတ်ရတော့
၏ ။ဘုရား ဘုရား .. လူတစ်ယောက်ကို ဒီလို
ဇောက်ထိုးကြီးဆွဲချထားရတယ်လို့ ...
ဒါဘယ်သူ့လက်ချက်လည်းဆိုတာ ဗေဒင်မေး
စရာပင်မလို ။' ခဏလေးနော် .. သခင်လေး ...
ကျွန်တော်ဖြေပေးမယ် ... စိတ်လျှော့ထား '' ကျွန်တော် ဒါမျိုးကြီးတွဲလောင်းကျနေတာ
၁ နာရီလောက်ရှိပြီ ..... အီး ......
လူကြီးမင်း ကယ်တင်ပေးပါ .. ဂျဲပါးးးး 'မျက်ရည်ထွက်ချင်နေပြီဖြစ်သော သခင်လေး
ကို စိတ်လျှော့ရန်ပြောပြီးနောက် ပင်စည်တွင်
ချည်ထားသောကြိုးကိုဖြည်ကာ လူစွမ်းကောင်း
လုပ်လိုက်၏ ။
YOU ARE READING
( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်း
Historical Fictioncoverd by : MaYa_H အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ သခင်လေးဟာ နန်းတွင်းသို့ မဝင်မီ ညအတွင်းမှာပဲ ပျောက်ဆုံး ခဲ့ပါတယ် ...... ထူးချွန်ရည်မွန်ပြီး ဓားရေးကောင်းမွန်လွန်းတဲ့ အစ်ကိုဖြစ်သူရဲ့န...