****************
"Song Lan!!!"
မက်ပြန်ပြီ ထိုအိပ်မက်...
အိပ်မက်တစ်ခုတည်းကို ထပ်ခါထပ်ခါ မက်တယ်ဆိုတာ သေချာပေမယ့် နိုးလာတဲ့အခါ ဘာအိပ်မက်မှန်း မမှတ်မိတော့ဘူး
မှတ်မိတာဆိုလို့ Song Lan ဆိုတဲ့ နာမည်တစ်ခု သက်သက်ပဲ
ဝါးတားတား အိပ်မက်တစ်ခုကို တစ်မနက်လုံး ခေါင်းထဲမှာ ပြန်စဉ်းစားနေမိလို့ ကျောင်းကို ဘယ်လိုရောက်လို့ ရောက်လာမှန်းတောင် မသေချာ...
"ကောကော..." ဆိုတဲ့ခေါ်သံနဲ့အတူ အရှေ့မှာ လာပိတ်ရပ်တဲ့ ဖိနပ်တစ်စုံက သူ့ အတွေးယာဉ်ကို ရပ်တန့်လိုက်သည်
"အင်...Hao Xuan"
"နေမကောင်းဘူးလား? မျက်နှာမကောင်းသလိုပဲ"
"ဘာမှမဖြစ်ပါဘူး......ဒါနဲ့ မနေ့က အဆင်ပြေရဲ့လား?"
Ji Yang မေးခွန်းကို Hao Xuan က ပြန်မဖြေ...
ပြုံးပြရင်းသာ JiYang ရဲ့ ကျောပိုးအိတ်လေးကို အနောက်ကနေ သာသာ ချွတ် သူ့ဆီ ကူးပြောင်းလိုက်ရင်း"အတန်းတက်တော့မယ် မြန်မြန်သွားရအောင်"
Ji Yang ရဲ့ အဖြေကိုပင် မစောင့်တော့ပဲ သူက အခန်းထဲကို ဝင်သွားနှင့်လေပြီ
***********
ိတိတ်ဆိတ်နေတဲ့ အတန်းထဲမှာ ကျောက်သင်ပုန်းပေါ် ရေးခြစ်နေတဲ့ ဆရာ့မြေဖြူသံကလွဲလို့ အပ်ကျသံပင် မကြားရ
ညာဘက်ခုံက Zhuo Cheng ကတော့ ထုံးစံအတိုင်း စာအုပ်ကြားမှာ ဖုန်းကို ညှပ်ရင်း ဖုန်းကြည့်နေပြန်သလို ဘယ်ဘက်ခုံက Hao Xuan ကတော့ စက်တော်ခေါ်နေလေသည်
"ဒီနေ့တော့ ဒီလောက်ပါပဲ"
ဆရာ့ဆီက ထိုစကားကြားရတဲ့အချိန်ဟာ ကျောင်းသူ ကျောင်းသားတိုင်းရဲ့ ပျော်စရာ အကောင်းဆုံးအချိန်ဆိုတဲ့ အတိုင်း ငြိမ်သက်နေတဲ့ ကျောင်းသူကျောင်းသားတိုင်းက ထိုအချိန်မှ လှုပ်လှုပိရှားရှား ပြန်ဖြစ်လာကြသည်

YOU ARE READING
Dark & Light
Romanceအလင်းရှိသ၍ အမှောင်ရှိသလို ခင်ဗျားရှိသ၍ ကျနော်ရှိနေချင်တယ် ... XueYang + XiaoXingChen (Just A FanFic)