Part6

1.1K 194 38
                                    

*****************

*Readernim တစ်ယောက်က နာမည်လေးတွေကို မြန်မာလို အသံထွက်နဲ့ ဖတ်ချင်မိတယ်ဆိုလို့ ဒီအပိုင်းကစပြီး ကျိရန်နဲ့ ဟောက်ရွှမ်းလို့ အနီးစပ်ဆုံး သုံးသွားပါမယ်နော် အဆင်မပြေတာလေးတွေရှိရင် လာပြောပေးလို့ရပါတယ်*

*****************

"ကောကော…ရောက်ပြီ ထတော့နော်"

လမ်းတစ်လျှောက်လုံး တစ်ရေးတစ်မောမှ အိပ်မပျော်တဲ့ ကျိရန် ကရောက်ခါနီးလောက်မှ အိပ်ပျော်သွားခဲ့သည်

အိပ်ချင်မူးတူးဖြစ်နေတာကြောင့် မျက်လုံးကို တစ်ဝက်ဖွင့် တစ်ဝက်ပိတ်နဲ့ ဖွင့်ကြည့်လိုက်တော့ ဝေဝါးဝါး မြင်ကွင်းမှာ သူနဲ့ အနီးကပ်ရှိနေတာက ဟောက်ရွှမ်း…

ကျိရန် လည်း အလန့်တကြား အနောက်ဆုတ်မိတော့ နောက်ကျောဘက်က ကားဘေးနံရံကိုတောင်  ဝင်တိုက်မိလေတယ်

နာသွားသယောင်ရှိပေမယ့် ကျိရန် က ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်တယ်…

အကြည့်တွေကို ဟောက်ရွှမ်း ဆီကဖယ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်တော့ ကားထဲမှာ ဘယ်သူမှတောင် မရှိတော့လေဘူး…

"လူတွေရော?"

"ဆင်းသွားကြပြီ"

"ဒါဆို ငါတို့လည်း ဆင်းကြမယ်လေ"

"ခဏ……"

ဟောက်ရွှမ်း က သူ့အင်္ကျီ လက်အနားစကို ဆွဲကာ ထဖို့ ပြင်နေတဲ့ သူ့ကို ဆွဲထားလေသည်

ဟောက်ရွှမ်း ဆွဲထားတဲ့ အင်္ကျီလက်အနားစကို သူ ခံရခက်စွာနဲ့ စိုက်ကြည့်မိသည်

ထိုနေ့…သူ ဟောက်ရွှမ်း လက်ကို ရိုက်လိုက်မိတဲ့ နေ့ကတည်းက ဟောက်ရွှမ်း  က သူ့အသားကို နည်းနည်းလေးမှ မထိတော့တာ…

အင်္ကျီကိုဆွဲထားတဲ့ ဟောက်ရွှမ်း လက်ကို ကြည့်ရင်း ဒေါသထွက်ထွက်နဲ့ သူရမ်းထုတ်ပစ်လိုက်သည်

Dark & LightWhere stories live. Discover now