Part5

1K 187 31
                                    

********************

ခေါင်းထဲမှာ မီးတောက်နေသလို ထူပူနေတဲ့ JiYang က လျှောက်လမ်းက သူ့ရှေ့မှာ ပိတ်နေသမျှ လူတွေအားလုံးကိုပါ တွန်းတိုက်ခဲ့ပြီး အခန်းထဲက အမြန် ပြေးထွက်လာလေတယ်...

သူတွန်းထုတ်ခဲ့တဲ့ လူတွေဆီက ဆဲရေးမှုတွေကိုလည်း တစွန်းတစပင် မကြားနိုင်တော့...
ဘယ်သွားရမှန်းလည်း မသိပေမယ့် ခြေလှမ်းတွေကတော့ ရှေ့ကိုသာ ခပ်ကျယ်ကျယ် ဆက်နေဆဲ...

နောက်ဆုံး လူရှင်းတဲ့ နေရာကိုရှာရင်း ရှာရင်း ကျောင်းပြင် ဘောလုံးကွင်းနဲ့ ခပ်လှမ်းလှမ်းအကွာက ဘေစင်တွေဆီကို သူရောက်လာခဲ့လေသည် နားချိန်ကပြီးခါနီးပြီမို့ ထိုနေရာတွင် လူ နှစ်ယောက်စ သုံးယောက်စ သာရှိလေသည်

JiYang က ဘေစင်ရှေ့ကို သွားလိုက်ကာ ရေပိုက်ခေါင်းကို လှည့်ဖွင့်လိုက်ရင်း ကျလာတဲ့ ရေတွေကို လက်ဖဝါးနှစ်ဖက် အပြည့်ခံကာ ပူလောင်နေတဲ့ သူ့ မျက်နှာသူ အားရပါးရ ပက်ဖြန်းလိုက်လေတယ်

"Song JiYang!! မင်း ဘယ်လိုဖြစ်နေတာလဲ?"

တဒုန်းဒုန်း ခုန်နေတဲ့ ဘယ်ဘယ်ရင်ဘတ်ကို ညာဘက် လက်နဲ့ ခပ်နာနာ ထုလိုက်ရင်း သူရေရွတ်မိလေသည်

*ဘာလို့ နှလုံးခုန်သံက သေမလောက်မြန်နေရတာလဲ? *

Jiyang ခေါင်းကို ခါရမ်းပစ်လိုက်ပြီး စိတ်ကိုပြန်ထိန်းလိုက်မိသည်

*မောနေလို့ ဖြစ်မှာပါ...မောနေလို့......*

JiYang က သူ့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဆပ်ဆပ် ကလေးရိုက်လိုက်ကာ အသက်ကို ရှူလိုက် ထုတ်လိုက် ဆယ်ကြိမ်လောက်လုပ်လိုက်ပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သတွေနဲ့ ပုံမှန်မဟုတ်တဲ့ အတွေးတွေကို ချက်ချင်း ရပ်တန့်လိုက်လေသည်

စိတ်ငြိမ်သွားတော့မှ စောနက Hao Xuan လက်ကို ရိုက်လိုက်မိတာကို စိတ်မကောင်းဖြစ်လာရလေပြီ ... အဲ့တုန်းက ဇောနဲ့မို့ သတိမထားမိပဲ အားပြင်းပြင်းနဲ့ ရိုက်ချပစ်လိုက်တာ...အခုတော့ Hao Xuan ကို ဘယ်လို တောင်းပန်ရတော့မလဲ? ဘယ်လိုမျက်နှာပြရတော့မလဲ?

*အရူးကောင်ရေ ဘာလို့အဲလို လုပ်လိုက်ရတာလဲ? အား!! ရူးသွားပြီ ရူးသွားပြီ*

Dark & LightWhere stories live. Discover now