..............................
*Class 12_A* ဆိုသော စာလုံးလေးများကို ပုံကျကျ ထိုးထွင်းထားသည့် ဝါကျင့်ကျင့် သစ်သားပြားလေး တစ်ချပ် ချိတ်ဆွဲထားသော အခန်း.........
အခန်းအပေါက်ဝရှေ့မှာတော့ အချိန်တစ်ခုကြာသည်အထိ တုပ်တုပ်မလှုပ်ပဲ ရပ်နေရှာတဲ့ မိန်းကလေးတစ်ယောက်...
သူမရဲ့ အသွင်အပြင်က အရပ်ပုပု ချစ်စရာ ကောင်းကောင်း......ဘယ်လောက်ထိ ချစ်စဖွယ်ကောင်းသလဲဆိုရင်တော့ ဖြတ်သွားဖြတ်လာ ယောက်ျားလေးမှန်သမျှက သူမကို လည်ပြန်ကြည့်ကြသည်အထိ
သူမကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ထိုအခန်းရဲ့ အပေါက်ဝမှာသာ တစ်ယောက်ယောက်ကို ရပ်စောင့်နေပုံပေါက်တယ်...
တခဏအကြာ လျှောက်လမ်းကနေ ကောင်လေးနှစ်ယောက် တွဲလျှောက်လာသည်ကို တွေ့ရတော့ သူမက မျက်လုံးလေးတွေပင် လက်သွားရှာသည် ကြည့်ရတာ သူမစောင့်နေသည့်သူ ရောက်လာသည့်အတိုင်း...
ထိုကောင်လေးနှစ်ယောက်က သူမနဲ့ ခြေလှမ်း ငါးလှမ်းစာ အကွာအဝေးလောက်ရောက်တော့ သူမက ကောင်လေးနှစ်ယောက်ကို တစ်ယောက်တစ်လှည့်စီ တစ်ချက် စူးစမ်းကြည့်လေသည်
ထိုကောင်လေးနှစ်ယောက်က Hao Xuan နဲ့ Ji Yang ပင်Hao Xuan က သူမကိုတွေ့တာနဲ့ မျက်နှာထက်မှာ အမျိုးအမည်မသိတဲ့ စိတ်လှုပ်ရှားမှုတွေ ဖြတ်ပြေးသွားကာ တစ်ခုခုကို စိတ်ပူနေတဲ့ မျက်နှာထားနဲ့ JiYang ကိုတစ်ချက်ကြည့်လေတယ်...
သူ့ပုံက JiYang ကို သူမနဲ့ မတွေ့စေချင်တဲ့ ပုံပေါက်နေတာကြောင့် JiYang စိတ်ထဲမှာ စနိုးစနှောင့်ပင် ဖြစ်သွားမိလေသည်"မင်း ဘာလာလုပ်တာလဲ?"
Hao Xuan က သူမကို ကြည့်ကာ မေးလိုက်သည်
သူ့အသံက ခက်ထန်နေပေမယ့် တစ်ခုခုကို ကြောက်ရွံ့နေသည့်အတိုင်း တည်ငြိမ်မှုမရှိ...သူမ က Hao Xuan ကို မရဲတရဲ တစ်ချက်ကြည့်ကာ ခေါင်းငုံ့လိုက်ရင်း
"ဟိုနေ့ ကကိစ္စ .....အကို့ကို ကျေးဇူးတင်ချင်လို့ပါ"
YOU ARE READING
Dark & Light
Romanceအလင်းရှိသ၍ အမှောင်ရှိသလို ခင်ဗျားရှိသ၍ ကျနော်ရှိနေချင်တယ် ... XueYang + XiaoXingChen (Just A FanFic)