……………
"မိုးလည်း မှောင်လာပြီဆိုတော့…နောက်ဆယ်မိနစ်လောက်ကျရင် ပြန်ကြမယ်…လူစုပေးကြပါနော် ပြီးတော့ ဘေးက ကိုယ့်သူငယ်ချင်း ကိုယ်လည်းစစ်ပေးကြပါဦး!"
ရှောင်းကျန့်ရဲ့ ဆော်သြမှုကြောင့် ကျိရန် ပြာသလဲလဲ ဖြစ်သွားလေသည်… အကြောင်းက ဟောက်ရွှမ်းပျောက်နေတာကြောင့် …
'ခဏ' ဆိုပြီး ထွက်သွားလိုက်တာ နာရီဝက်လောက်လောက်တောင် ရှိနေပြီ…ကျိရန် ဘယ်လိုမှ စိတ်မပူပဲမနေနိုင်……
လိုက်ပဲ ရှာရမလား? စီနီယာတွေကိုပဲ အကြောင်းကြားရမလား? နက်နက်နဲနဲ တွေးတောနေမိသည်က နဖူးထက်မှာ ချွေးစေးအနည်းငယ် တွယ်ကပ်လာသည်အထိ
*နောက် ငါးမိနစ်ထပ်စောင့်ရအောင်…နောက် ငါးမိနစ်မှမလာရင် တစ်ခုခုတော့ လုပ်မှရတော့မယ်……အားတကယ်ပဲ ဒီကောင်လေး ဘယ်တွေကို သွားနေတာလဲ*
"ကျိရန်!"
ရုတ်တရက် သူ့နာမည်ကို လှမ်းခေါ်လိုက်တဲ့ ခပ်ကျယ်ကျယ် အသံတစ်ခုကြောင့် ကျိရန် ခန္ဓာကိုယ်ပင် ဆက်ခနဲတုန်တက်သွားမိသည်
အသံပိုင်ရှင်ကို လှည့်ကြည့်မိတော့ ဂျို့ချန်……
"အင်း ဘာလဲ?…"
"ဒီကို လာတော့လေ ကျန်ခဲ့ဦးမယ်!"
"ခဏလေး ငါဟောက်ရွှမ်းကို စောင့်လိုက်ဦးမယ်!"
ဂျို့ချန်က ကျိရန် အနီးနားကို မျက်လုံးဝေ့ကြည့်လိုက်ပြီး
"ဟုတ်သားပဲ အဲ့ဒါကြောင့် မင်းအနားမှာ တစ်ခုခုပျောက်နေသလိုပဲ လို့ငါထင်နေတာ လတ်စသတ်တော့ မင်းတောက်တဲ့ကို…"
"မင်း သူ့ကိုတွေ့မိသေးလား?"
ဂျို့ချန်က ခေတ္တစဉ်းစားနေပြီးမှ ခေါင်းခါပြတော့ ကျိရန် စိတ်ပျက်လက်ပျက်ပင်ဖြစ်သွားမိသည်
"ဘာပဲဖြစ်ဖြစ်…ဟောက်ရွှမ်းကို တွေ့ရင်လည်း မြန်မြန်လာခဲ့တော့ မှောင်လာတော့မယ် လမ်းပျောက်နေဦးမယ်"
YOU ARE READING
Dark & Light
Romanceအလင်းရှိသ၍ အမှောင်ရှိသလို ခင်ဗျားရှိသ၍ ကျနော်ရှိနေချင်တယ် ... XueYang + XiaoXingChen (Just A FanFic)