Part9

1.2K 168 24
                                    

**********

"ဟောက်…ရွှမ်း!"

အချိန်ကြာလာလေ ပိုပြင်းထန်လာလေဖြစ်တဲ့ လည်ပင်းထက်က စုပ်ချက်ပြင်းပြင်းကို ကျိရန် မခံစားနိုင်တော့ပဲ ခပ်တိုးတိုး ညည်းညူမိသည်အထိ

"အ……"

ပိုပိုပြီး ပူးကပ်လာတဲ့ ခန္ဓာကိုယ်နှစ်ကိုယ်က လေတိုးမဝင်နိုင်လောက်တဲ့ အနေအထားဆီရောက်နှင့်နေပြီ

ခါးကို ကိုင်တွယ်ထားတဲ့ ဟောက်ရွှမ်းလက်တစ်ဖက်က ပိုတင်းကျပ်လာတာနဲ့အတူ ဟောက်ရွှမ်းဆီက တဖြည်းဖြည်း ပူလောင်လာတဲ့ အငွေ့အသက်တွေကို တိုက်ရိုက်ခံစားလာရတာကြောင့် ကျိရန် တုန်လှုပ်သွားမိရင်း သူ့ခန္ဓာကိုယ်ကို အုပ်မိုးထားတဲ့ ဟောက်ရွှမ်းကို လက်ဖဝါးလေးနဲ့ ဖွဖွ တွန်းထုတ်ကြည့်သည်

"ဟောက်ရွှမ်း…ရ ရလောက်ပြီထင်တယ်…"

ဟောက်ရွှမ်းက သူ့ရင်ဘတ်ကို တွန်းနေတဲ့ ကျိရန်ရဲ့ လက်ဖဝါးသေးသေး တစ်ဖက်ကို ဂရုမစိုက်…

ကျိရန်ရဲ့ စကားတွေကလည်း နည်းနည်းမှ သူ့နားထဲ ရောက်ပုံမပေါက်ပဲ ပိုပိုပြီး နက်နက်ရှိုင်းရှိုင်းအထိ ကျိရန် လည်ပင်းသားကိုသာ တပ်တပ်မက်မက် စုပ်ယူနေသည်

အမျိုးအမည်မသိတဲ့ ကျက်သီးထစရာ ခံစားချက်ကြောင့် ကျိရန် တစ်ကိုယ်လုံး လျှပ်စစ်လှိုင်းတွေ ဖြတ်စီးသွားသလို ခံစားလိုက်ရပြီး ထွက်လာတော့မယ့် ညည်းသံကို တားဆီးဖို့ ဟောက်ရွှမ်းကို တွန်းနေတဲ့ လက်တစ်ဖက်ကို အသုံးပြုကာ ပါးစပ်ကို တင်းတင်း အုပ်လိုက်လေသည်

"ဟောက်ရွှမ်း…တော်ပြီ ရပ်.…ရပ်လိုက်တော့"

တုံ့ပြန်ချက်မလာတဲ့ ဟောက်ရွှမ်းက နီးကပ်နေပြီးသား ခန္ဓာကိုယ်ကို ပိုမိုကပ်စေပြီး ကျိရန်ခါးထက်က လက်ကို တဖြည်းဖြည်း အောက်လျှောဆင်းလိုက်ကာ ကျိရန် အင်္ကျီ အတွင်းထဲကို လျှိုဝင်လိုက်ရင်း ကျိရန်ရဲ့ ကျောရိုးတစ်လျှောက် နူးညံ့တဲ့  အတွင်းသားတို့ကို ပွတ်သပ် ထိတွေ့နေလေပြီ

ပူပြင်းပြင်း လက်တစ်စုံရဲ့ အထိအတွေ့က နောက်ကျောပေါ် မှာ ဖြတ်ပြေးနေတာကြောင့် ကျိရန် လန့်ဖြတ်သွားပြီး သူ့ကိုယ်ပေါ်က ဟောက်ရွှမ်းကို အားနဲ့တွန်းထုတ်လိုက်ကာ

Dark & LightWhere stories live. Discover now