*************
ကလင် ကလင် ကလင် ဆိုသော ကျောင်းခေါင်းလောင်းထိုးသံ သုံးကြိမ်တိတိမှာ ကျောင်းသူကျောင်းသားတွေရဲ့ အော်ဟစ်စကားပြောသံတွေနဲ့ အခန်းအပြင်ဘက်ကို သူ့ထက်ငါအပြိုင် လုထွက်နေပုံရတဲ့ ခြေသံကျယ်ကျယ်တို့က ဟိန်းလို့ထွက်လာလေပြီ
"ကောကော ကျနော် သယ်ပေးမယ်"
Ji Yang ရဲ့ အဖြေကိုပင် စောင့်မနေတော့ပဲ စားပွဲပေါ်က Ji Yang လွယ်အိတ်အဖြူရောင် သေးသေးကို Hao Xuan ဂရုတစိုက် ဆွဲလွယ်လိုက်ပေမယ့် Hao Xuan ရဲ့ ကျောပိုးအိတ်အနက်ရောင်လေးကတော့ သူ့ရဲ့
ညာလက်တစ်ဖက်မှာ ဖြစ်သလို ဆုပ်ကိုင်ခြင်း ခံထားရလေသည်Hao Xuan က အရှေ့ကနေဦးစွာ ထွက်သွားတာကြောင့် Ji Yang လည်း ဘာမှ ပြန်ပြောချိန်မရလိုက်ပဲ Zhuo Cheng ကို သာလက်ပြနှုတ်ဆက်လိုက်ရင်း Hao Xuan နောက် အမှီလိုက်လာခဲ့ရပေသည်
Hao Xuan က သူ့ထက် ခြေလှမ်းငါးလှမ်းစာလောက် အရှေ့ရောက်နှင့်နေသည်ကို ခပ်သွက်သွက်လိုက်နေတုန်း
"အကို..."
မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာ အသွင်ကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက်က Ji Yang ရှေ့တွင် လာပိတ်ရပ်သည်
ကောင်မလေးက ကျောင်းက မိန်းကလေးတွေထက် သိသိသာသာပေါ်လွင်နေသည် အကြောင်းက ကျောင်းယူနီဖောင်း မတူတာကြောင့်ပင်
Hao Xuan က ရောက်နေတဲ့ နေရာမှာပဲ ရပ်နေပြီး ကောင်မလေးကို သေချာစိုက်ကြည့်နေသည်
သူက ထိုကောင်မလေးနဲ့ နည်းနည်းအကွာလောက်မှာ ရပ်နေတာကြောင့် ကောင်မလေးကတော့ သတိမထားမိလောက်ဘူး ထင်ပါရဲ့Ji Yang က ကောင်မလေးကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်ရင်း
"ဘာ ကူညီပေးရမလဲ ညီမ"
ကောင်မလေးက ခေါင်းကိုငုံ့လိုက်ကာ လက်ထဲက ဖဲပြားနဲ့ သေသေသပ်သပ် ထုပ်ပိုးထားတဲ့ လက်ဆောင်ဘူး အပန်းရောင်လေးကို ကမ်းပေးရင်း

YOU ARE READING
Dark & Light
Romanceအလင်းရှိသ၍ အမှောင်ရှိသလို ခင်ဗျားရှိသ၍ ကျနော်ရှိနေချင်တယ် ... XueYang + XiaoXingChen (Just A FanFic)