အပိုင်း။၇။

14.6K 1.5K 270
                                    


^^၂ယောက်၁ခန်းနေရသော
ခရီးစဉ်တွင်ကျတော့်အတွက်
ဝလုံးကအခန်းဖော်ဖြစ်ခဲ့သည်။
...
...
ဒါကကံကောင်းခြင်းတစ်မျိူ းပေါ့
...
...
...
ကျတော့်ထက်ပိုကံကောင်းတဲ့
Wang YiBoကတော့
သူအဖေပိုင်Hotelမို့
VVIP Roomတွင်
ဘယ်သူဆီမှာမှခွင့်ပြုချက်
ယူစရာမလိုပဲ
ကော့နေအောင်အိပ်လို့ရခဲ့သည်။

တကယ်ပါပဲ
သူပြောသလိုသူ့ဘဝကြီးက
ဆုတောင်းစရာမလိုပဲ ပြည့်ဝနေတာ။

===========================

^^S.N.U

Hanyang Unni

Ewha woman's unni

Kyung Hee unni

တွေကိုသွားရောက်ကာ
Professor တွေနဲ့
မိတ်ဆက်ရ၊
ကျောင်းရဲ့သမိုင်းကြောင်းတွေ
သင်ကြားပုံနည်းစနစ်တွေကို
ကြားနာရနဲ့
တနေ့ထဲကျောင်းလေးကျောင်း
လှည့်ပတ်သွားလာခဲ့ရသည်။

ပင်ပန်းပေမယ့်
ပင်ပန်းရကျိူ းနပ်သော
ခရီးစဉ်ပါ။
..
..
..
..
တိုင်းတပါးကလူငယ်တွေရဲ့
ကြိုးစားမူတွေကိုလည်း
မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရသလို...။
နေရာဒေသအလိုက်
အဆောက်အအုံ လှပနေပုံကိုလည်း
ခံစားလို့ရခဲ့သည်။

ပထမဦးဆုံး Oversea ခရီး
ဖြစ်သော
တောင်ကိုးရီယားက
တကယ်လှပတဲ့နိုင်ငံတနိုင်ပါပဲ..။

Hotelခန်းရဲ့မှန်ပြင်ကျယ်ကနေ
တစ်ဆင့်.ဆိုလ်းမြို့ရဲ့အလှကို
အရသာခံငေးမောနေမိသည်။

*အ့...ဟူးးးး တနေထဲ
တက္ကသိုလ် ၄ခုလောက်ကို
လေ့လာဖို့သွားရတယ်လို့.၊
ခြေအဆစ်တွေတောင်
ကိုက်လာပြီ။....
ငါဖျားတော့မလားမသိဘူး
Zhanရေ...*

ရေချိူ းခန်းကထွက်လာကာ
ကုတင်ပေါ်ပစ်လှဲရင်း
ညဉ်းနေသော..

*ဝလုံးလေး မင်းက
နုလိုက်တာကွာ၊
ယောက်ကျား လေးဖြစ်ပြီး
ခုလောက်ထိမညဉ်းပါနဲ့ဟာ၊
မိန်းမကြီးကျနေတာပဲ။*

*ဘာ..ယောက်ကျားကမညဉ်းရဘူး
ဟုတ်လား..ပင်ပန်းရင်တော့
ညဉ်းမှာပဲဟေ့....။*

*အေးပါ..ငါမပြောတော့ပါဘူး
တခြားလူတွေနဲ့ဆို တတ်နင်း
သွားရင်တောင်အသံမထွက်
တဲ့ကောင်က ငါ့ကျ ပြန်ပက်
နေလိုက်တာ...။*

ကြိုးမဲ့ချည်တိုင်(Completed) Where stories live. Discover now