အပိုင်း။၂၀။

15.2K 1.3K 207
                                    

***""Unicode ver****

'အ‌ဝေးက busအနီကြီး
တစ်စီးအား အမှီလိုက်နေသော
အရိပ်လေးတစ်ခု.........

ဆောင်းဦးနှင်းငွေ့တွေကြားထဲ
‌ပြေးလိုက်လာသူလေးကို
ထိုကားအနီးကြီးက
စောင့်ပေးခြင်းအလျင်းမရှိခဲ့။

ထိုအရိပ်လေးကလည်း
လက်လျော့မည့်ပုံမပေါ်
မောပန်းခြင်းမရှိစွာ
သူ‌ပြေးလိုက်လို့လာခဲ့သည်။

သူ့ဇွဲအတွက်ကံတရားကတော့
ဆုချခြင်ပုံပေါ်၏
မီးနီကြောင့်
ထိုကားကြီးရပ်တန့်ခဲ့ရတော့

ကားပေါ်သို့
လွှားကနဲတွန်းတိုက်စွာ
အပေါ်ထပ်‌‌ပြေးတတ်
လာသောထိုအရိပ်။

မောဟိုက်နေပေမယ့်
အနစ်နစ်အလလထဲက
တွေ့ချင်နေသော
မျက်နာလေးကြောင့်
အမောတွေတောင်
မောပန်းဖို့မေ့နေခဲ့ရသလိုနှယ်....

ခလေးမလေးအား
ပေါင်ပေါ်သို့ချီတင်ထားသော
သူ့နလုံးသားနားသို့‌
သူ့ခြေလှမ်းတို့သည်
တဖြည်းဖြည်းနီးကပ်လို့
သွားခဲ့နေသည်.....

ထိုင်နေသော
နေရာသို့အရိပ်တစ်ခု
အုပ်မိုးလာတော့
မော့ကြည့်စဉ်မြင်လိုက်ရသည်က

*၀မ်
၀မ်ရီပေါ်*

///လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ကာ
နားထင်ကြောများထောင်နေသော
သူ့မျက်နာနီရဲရဲတို့က

မောပန်းခြင်းနဲ့‌ရင်နာခြင်း
ရောနှောနေခဲ့သည်

ဒါကိုထိုင်နေသော
သူကလည်းသိနေသည်။
သို့ပေမယ့်
အခုအ‌ခြေနေက
ခလေးငယ်လည်းပါနေသည်မို့
အတိတ်ကိုအတိတ်မှာထားကာ
ရင်းနှီးသောသူငယ်ချင်းအဖြစ်
သူဟန်ဆောင်စကားဆိုခဲ့မိသည်။။
////

*မ မတွေ့ရကြာပြီနော်
ရီပေါ်

ဒါငါ့သမီးလေ
နာမည်က/Dora
အခုကသမီးလေး
ကျောင်းခရီးအတွက်
ဒီရောက်နေတာလေ

အခုက သမီးလေး
ညဉ်းငွေ့နေလို့ခဏ
အပြင်ထွက်လာတာ

ခုလိုမင်းနဲ့ပြန်တွေ့ရတာ
ငါတကယ်၀မ်းသာမိပါတယ်
ရီပေါ်*

*Hk....
မင်းအရမ်း‌ပြောင်းလဲသွားပီ
Xiao Zhan*

*အင်းး
အသက်လည်းရလာပြီကိုး
မဟုတ်လား
ရီပေါ်*

ကြိုးမဲ့ချည်တိုင်(Completed) Where stories live. Discover now