အပိုင်း။၂၂။

14.3K 1.3K 179
                                    

###
မျက်ရည်တွေနှင့်အိပ်စက်ခဲ့ရသော
ရက်တွေက တရက်ပြီးတရက်
ကုန်ဆုံးလို့လာခဲ့ရသည်...။

ဒါတွေကို..သူသိမယ်မထင်။

နေ့တွေမှာ တနေကုန်
မတွေ့ရသောသူသည်
ညဘက်အိပ်ချိန်တွေတော့
အိမ်အမြဲတန်းပြန်လာတတ်သည်။

ပြန်လာတိုင်း အမူးလွန်နေတတ်ကာ
အတိတ်က
နာကျင်စရာတွေကိုပြောဆို
ကျုံးဝါးပြီး မာန်မဲတတ်ခဲ့သည်။

ဒါကိုမကြည့်ရက်သော
မန်နေဂျာစုန့်က
သမီးလေး ရှိတဲ့နေရာကို
တိတ်တိတ်လေး ပြောပြခဲ့သည်။

သမီးလေးကအခုkoreaမှာသာ

Korea ကသူ့အဖိုးအဖွားတွေဆီ
ပြန်ပို့​ပေး ထားသည်ဟု
ပြောလာသဖြင့်
ရင်နည်းနည်းအေးနေမိသည်။

သူသည်ခလေး၏အသံကိုပင်
အစဖော်သည်ကို တချက်လေး
တောင်မကြိုက်ခဲ့သည်မို့
မန်နေဂျာ စုန့်က
သနား၍သာတိတ်တိတ်လေး
ပြောပြခဲ့သည်။

***သမီးလေး ဒီခဏလေးတော့
အဆင်ပြေအောင်
နေပေးပါ....
...
သမီးကိုပါးပြန်လာ
ခေါ်ပေးပါ့မယ်။
ပြီး..ပါးနဲ့သမီး တသက်လုံး
အတူတူနေသွားကြမယ်နော်....။
..
..
ပါးကတိပေးပါတယ်ခလေးရယ်...။***

*ဘာလဲ ခလေးကိုလွမ်း
နေတာလား. ,....*

ကမန်းကတန်း မျက်ရည်တွေ
သုတ်ပစ်လိုက်မိသည်။

အခန်းဝကနေ
ယိုင်တိုင်တိုင်နဲ့
ဝင်လာသော..သူ၊
ကိုယ်ဘာဖြစ်နေမှန်းလည်း
သူသိနေတယ်..

ဒါပေမယ့် မဖြည့်ဆည်းပေး

*ဟေ့...
မေးနေတယ်လေ
ယောက်ကျား ကမေးရင်
ပြန်ဖြေရမှာကိုမသိဘူးလား*

ငိုနေတာကိုတောင်
အေးဆေးမပေးငိုကာ
မူးမူးရူးရူးနဲ့လာရစ်နေသေးသည်။

*ငါ့မရစ်နဲ့ပါနဲ့
မင်းအိပ်ဖို့မဟုတ်လား
အိပ်စရာရှိတာအိပ်ပါတော့..။*

*ငါ့ကိုဘာလေသံနဲ့
ပြန်ပြောနေတာလဲ...
အခုချက်ချင်း ပြင်စမ်းးး*

*ငါ...
ငါမှားပါတယ်.. ။*

*ဘာလဲငါ့ကိုရွဲ့တာလား*

*မဟုတ်....*

*ဟုတ်တယ် မင်း
ငါ့ကိုရွဲ့နေတာ..
ငါသိနေတယ်...
....အေ့....
ပြောစမ်း မင်း
ငါ့ကိုဘယ်လင်အားကိုးနဲ့
ပြန်ရွဲ့နေတာလဲ။*

ကြိုးမဲ့ချည်တိုင်(Completed) Tempat cerita menjadi hidup. Temukan sekarang