အပိုင်း။၁၈။

13.3K 1.2K 106
                                    

***လူတွေပြောကြတယ်။

ဘယ်လောက်ကြီးပဲချစ်နေနေ
အနေဝေးသွားကြရင်၊
မေ့နိုင်သွားတာပဲတဲ့...

Hk အဲ့တာကဟာသပဲ။

အပိုတွေ!!

ဒါဆိုရင်ကျတော်ကဘာလို့
သူ့ကိုခုချိန်ထိမမေ့နိုင်သေးတာလဲ၊

ဖြေလေ!!!!

ဘာလို့်လဲ ?

##ခုဆို
ကျတော်တို့ဝေးနေကြတာ
ဆယ်စုနစ်တစ်ခုနားကပ်နေပြီလေ
လူတွေပြောသလိုမေ့သင့်ပြီပေါ့...

ဟုတ်တယ်မလား။

Xiao zhan ဆိုတဲ့
သူ့ကိုဘာလို့ခုချိန်ထိ
မေ့လို့မရသေးတာလဲ...။

ဘာလို့လဲ

ကိုယ့်အပေါ်
ရက်စက်ရဲတဲ့သူ့ကို
ဘာလို့စွဲလမ်းနေသေးရတာလဲ..

ဒီနလုံးသား..
ဒီကောင်က မစာနာပေးဘူး
ကိုယ့်အပေါ်ရက်စက်ရဲသူကို
သူဖက်တွယ်နေတုန်း..

မုန်းလိုက်စမ်းဘာ!!!!!

မေ့ပစ်လိုက်!!!

Hk ရီရတယ်..
အရမ်းရီရတယ် ။

လောကကြီးကရီရသား..

ကိုယ့်အတွက်
သေမင်းတပါးကို
အသက်ပေးပြီး
ချစ်ခိုင်းနေတုန်း...hk

**စဉ်းစားမိတိုင်း
အနာတွေဒဏ်ရာထပ်ရနေလည်း....

တွေးမိတိုင်း
ထပ်ထပ်နာကျည်းမိနေလည်း...

သူ့ကိုမစွန့်လွတ်ရက်ဘူး..။**

မင်းသိပ်တော်လွန်းပါတယ်
Xiao zhan ။

သိပ်တော်လွန်းပါတယ်..။

##ငါ
မင်း ကိုမေ့ပစ်ဖို့
လမ်းပျောက်စွာ၊ရောက်လာခဲ့တဲ့

NewYork ညတွေကလည်း
ညတိုင်းလိုလိုခါးသက်နေဆဲ..။

မင်းမပါတဲ့
နေ့ရက်တွေတိုင်းက
ငါ့အတွက်အိမ်မက်ဆိုးတွေ...

ကြိုးမဲ့ချည်တိုင်(Completed) Where stories live. Discover now