အပိုင်း၃၂။ နှလုံးသားစီရင်ခန်း

9.7K 861 63
                                    

မနေ့က ကိုယ့်ရဲ့ကန်ချက်ကြောင့်
အိပ်ယာထဲလှဲနေဆဲရှိနေသူအား
ဆေးတိုက်ရင်းချော့ထားကာ
သူ့ကိုယ်စား Metting တတ်ရန်
လာခေါ်မည့်ကားအားစောင့်နေမိခဲ့သည်။

တစ်အောင့် ကြာတွင်စောင့်ဆိုင်းနေသော
ထိုကားရောက်ရှိလို့လာခဲ့သည်။

မန်နေဂျာစုန့်လာခေါ်သောကားထဲ
ဝင်ထိုင်လိုက်ပြီးး
ဘေးကိုတချက်ကြည့်လိုက်မိစဥ်....

ခန္ဒာအတွင်းမှသွေးတို့သည်
ပြောင်းပြန်စီးဆင်းသွားရသည်အထိ
ဖြစ်သွားရကာ...ကြောက်ရွံ့
ထိန့်လန့် သွားခဲ့ရသည်...

အကြောင်းကာ

*ဝမ်...ဝမ်သခင်မ!!*

*အေး ငါပဲ
....
မန်နေဂျာစုန့် ဒီနားက
စကားပြောလို့ကောင်းမယ့်
တနေရာကိုမောင်းပေးပါ*

*ဟုတ်ကဲ့*

^^ဒီထက်
သူမဆီမှဘာအသံမှထပ်မကြားတော့ကာ
တိတ်ဆိတ်မူ့က ကားထဲတဖန်ကြီးစိုးလို့
လာခဲ့လေသည်။^^

သို့သော်
ကားသည်ကြာကြာမမောင်းလိုက်ရ

လူရှင်းသော Coffee Garden သို့
ထိုးရပ်လာကာ...

သူမနှင့်အောက်ဆင်းစကားပြောဖို့
မလွန်ဆန်နိုင်စွာပင်
အကြောင်းဖန်လေခဲ့တော့သည်။

ပန်းခြံငယ်အတွင်းမှ
ဘန်ဂလိုပုံစံ Private ကြလှသော
Coffe Roomထဲ
ကိုယ့်အရှေ့တွင်ထိုင်နေသော
သခင်မကြောင့်
ခြေဖျားလက်ဖျားများ
အေးမတတ်ဖြစ်လာစေခဲ့သည်။

ကိုယ်သေချာသိနေသည်။

အခုက
ကောင်းသောကိစ္စမဖြစ်လာဘူးဆိုတာကိုပေါ့...

*ရှည်ရှည်ဝေးဝေးမပြောချင်တော့ဘူး
Zhan..အန်တီ့သားကိုလမ်းခွဲပေးလို့
မရဘူးလား*

*ကျတော်..ကျတော်လေ...*

^^သိနှင့်ထားသော်လည်း
ဝမ်းနည်းနေခဲ့ရသည့်စိတ်အခြေအနေ^^

*မင်းလမ်းမခွဲပေးနိုင်ဘူးမလား*

*ဟုတ်. ကျတော်သူနဲ့မခွဲနိုငိလို့ပါ
သခင်မ..။*

*ကောင်းပြီ ဒါဆို ငါမင်းတို့နယောက်ကို
မခွဲဘူးး*

^^ထိုစကားကြောင့်ပြုံးတတ်လာသည့်
မျက်နာလေး^^

ကြိုးမဲ့ချည်တိုင်(Completed) Tahanan ng mga kuwento. Tumuklas ngayon