wedding Night ^Extra^

12.9K 850 80
                                    

ခန်းမအတွင်းက
ဖြူလျှလျှ အပြင်ဆင်တွေထဲ
ဘယ်အရာက အလှဆုံးလဲမေးရင်

ကျတော့်အတွက် ရှောင်ကျန့်သာ

ဘယ်အရာတွေကခမ်းနားလည်းဆို
သူပြုံးလိုက်တဲ့အပြုံးနုနုကသာ
အခမ်းနားဆုံး

မင်းကလွဲပြီးဘာမှမသိတော့တဲ့
ငါ့လိုလူက တခြားလူတွေအတွက်
ရီစရာတစ်ခုဆိုရင်တောင်

အဲ့ဒီရီစရာတွေအတွက်
ငါကအရောင်တင်ပေးနေမှာ....။

==============================

ဒီနေ့မှာ သူရယ်ကျတော်ရယ်
ပြန်လက်ထပ်ခဲ့ကြ၏။

သူကလွှဲ ပြီးဘာမှမသိတော့တဲ့
အရာရာဟာ ကျတော့်အတွက်
အသစ်အဆန်းတွေ

အရာအားလုံး ကိုအစကနေ
ပြန်မှတ်နေရသော
လူတချို့ရဲ့နာမည်တွေနဲ့အတူ
သူက ကျတော့်ဘေး
စိတ်ရှည်ရှည် ဖြင့်ရှင်းပြနေသော
ကျတော့်ရဲ့Guideသာ

ဖိတ်စာပေါ်က နာမည်စာရင်းတွေထဲ
ဒီတယောက်က မင်းရဲ့အချစ်ရဆုံးသူငယ်ချင်း

ဒီတယောက်က မင်းရဲ့ တူဝမ်းကွဲ

ဒါကမင်းရဲ့ဖိုးငယ်

အရာရာ ခလေးငယ်တစ်​ယောက်လို
ဘေးကနေသင်ကြားပေးပြီး

ခန်းမထဲဝင်မည့် ဝမ်ရီပေါ်ဆိုသော
အရာရာမေ့နေခဲ့သူအတွက်
အရာရာအဆင်ပြေနေစေရန်
သူကြိုးပမ်းပေးခဲ့သည်။

စိမ်းမြသော မြက်ခမ်းပြင်ကျယ်ထက်
အဖြူရောင်လိုက်ကာစများခြံရံကာ

ခုံဖြူဖြူလေးတွေနဲ့

ငြိမ်းချမ်းသော မဂ်လာပွဲလေး

ဒီယနေ့မှာ ကျမ်းပလို့ဖြစ်ခဲ့ရပြီ..။

ကတိသစ္စာတွေတိုင်တည်ရသည်ထက်
သူ့လက်အားဆုတ်ကိုင်ထားကာ
ဘယ်တော့မှ မမေ့လိုက်ဘူး ဆိုသော
စကားလေးက
နုတ်မှထွက်အံကြလာကာ

သူ့နှဖူသားနုနုအား အနမ်းခြွေခဲ့မိသည်။

ထိုအချိန် သူ့ပါးပေါ် ဆင်းသက်လာသော
ရေကြည်မျက်ရည်နုလေးက

သူခံစားမူ့တို့အား ကိုယ်စားပြုနေသလိူနှယ်

နောက် မျက်နာလေးအားမော့ကာ
နီဖူးဖူး နုတ်ခမ်းလေးအား
အပိုင်သိမ်းလိုက်တော့
သူ့ထံမှ တုံ့ပြန်ချကိလေးတို့ဖြင့်
အနမ်းအား ရှည်စေမိတော့သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 30, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ကြိုးမဲ့ချည်တိုင်(Completed) Donde viven las historias. Descúbrelo ahora