#Unicode
Jiminတစ်ယောက်အိမ်ပြန်လာတော့ အိမ်မှာ ဘယ်သူမှမရှိသည်ကြောင့် အခွင့်ကောင်းယူပီး V နေတဲ့အခန်းထဲကိုဝင်ကာ RM Kimပြောသော USB ဆိုတာကို ရှာနေမိသည်။
အချိန်အတန်ကြာလောက်ရှာပီးလို့ တစ်ခန်းလုံးသာ မြင်ချင်စရာမရှိအောင်ရှုပ်ပွသွားသော်လည်း Jimin ရှာနေသည့် USBဆိုသည့်အရိပ်အယောင်ပင်မရှိ.....
RM Kim ပြောတာဟုတ်ကောဟုတ်ရဲ့လားဟသက်သက်ငါ့ဆီမှာများအခြားသက်သေရှိသေးလားသိချင်လို့ ပေါက်ကရလျှောက်မေးတာများလား
ချီးပဲ
သောက်အဖိုးကြီး
ငါ့မှာတော့ရှာလိုက်ရတာထားပါတော့
အာ့USBဆိုတာတကယ်ရှိတယ်ဆိုရင် အစကတည်းကသူယူပီးလောက်ကောပေါ့RM Kimကဘယ်လိုလူမျိူးမို့လိူ့လဲ
တော်ပီမရှာတော့ဘူးပင်ပန်းတယ်
Jiminလည်း USB ကိုဆက်မရှာတော့ပဲသူ့ကြောင့်ရှုပ်ပွသွားတဲ့ V နေတဲ့အခန်းကိုလည်း အာ့အတိုင်းပဲထားခဲ့လိုက်ပြီး သူ့အခန်းသူပြန်ကာ ပြင်ဆင်စရာရှိပြင်ဆင်ပြီးနောက် အိမ်ပြင်သို့ပြန်ထွက်သွားတော့သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>
စားပွဲပေါ်မှာပုံနေတဲ့စာရွက်စာတမ်းတွေနဲ့အတူ အလုပ်ပိနေတဲ့ Yoongi တစ်ယောက် လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း စိတ်ရှုပ်ဟန်ဖြင့် Nectie ကိုဖြည်လျှော့လိုက်ရင်း ကြည့်လက်စဖိုင်ကို အာရုံစူးစိုက်ကာ ဆက်ကြည့်နေလိုက်တော့သည်။
"သူဠေး Ice Coffee အေးအေးလေးသောက်ပီးဆက်လုပ်ပါနော်..."
ခွဲျပျစ်လွန်းတဲ့အသံကြောင့်မော့ကြည့်လိုက်တော့ အတွင်းရေးမှူးဖစ်သူက သူလည်းမဖျော်ခိုင်းပါသော Ice Coffee ကိုသူ့အားကမ်းပေးရင်း ပြုံးပြနေခြင်းပင်။
"အင်း ထားခဲ့လိုက် ငါအလုပ်ရှုပ်နေလိူ့ ထပ်ဝင်မလာနဲ့"
"ဟုတ်...ဟုတ်ကဲ့"
Yoongi သိပါသည်။
Jimin နဲ့ပြတ်သွားပြီးကတည်းက ရုံကဝန်ထမ်းမိန်းကလေးအချိူ့သည် မိန်းကလေးသဘာဝအရ မိမိအားပြီတီတီလုပ်ကြသည်။သို့သော် သူ့စိတ်ထဲတွင် အာ့တာတွေမျက်လုံးထောင့်ထဲတောင်မဝင်။