#Unicode
Softless Ep _28❤
သွေးတွေနဲ့သတိလစ်မေ့မြောနေတဲ့ ကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးအတွက်စိတ်ပူရင်း ဝရုန်းသုန်းကားဖြစ်နေသည့် နောက်ထပ်ကောင်လေးတစ်ယောက်တို့ကြောင့် ဆေးရုံအရေးပေါ်ခန်းမှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေလေသည်။
ဆရာဝန်တွေအမြန်ရောကိလာကာ jiminကို သွေးတွေသုတ်ပေးတဲ့သူကသုတ်ပေး စစ်ဆေးတဲ့သုကစစ်ဆးနှင့် အလုက်ရှုပ်နေစဉ်
ထိုနေရာသို့အပြေးတပိုင်းဝင်လာသော jkနဲ့ tae
Jiminကိုရှာတွေ့ပီ ဆေးရုံလိုက်လာခဲ့ဟု ယွန်းဂီဖုန်းဆက်သောကြောင့် ပွန်းပဲ့ရာလောက်ပဲရတယ်လို့ထင်ထားတဲ့ ချစ်ညီမှာ အခုတော့သွေးအလိမ်းလိမ်းတောင်သတိတောင်မကပ်
ထိတ်လန့်မှု
စိုးရိမ်မှု
ဝမ်းနည်းမှုနဲ့နောင်တတွေကြောင့်Jkမှာ နောက်ကိုတစ်ချက်ယိုင်သွားရသည်။
"Jung...jungkook စိတ်လျှော့ပါနော် Jiminnieဘာမှဖြစ်မှာမဟုတ်ပါဘူး"
"ငါ့ကြောင့် အဲ့ဒါငါ့ကြောင့် ငါသာသူ့ကိုအထင်လွဲပီး အိမ်ပေါ်ကဆင်းသွားလို့မပြောခဲ့ရင် ဟင့်အင်း အစကတည်းကငါ့သူကိုယုံကြည်နားလည်ပေးခဲ့ရမှာ"
သို့သော် နောင်တစကားမဆုံးသေး
အနားကိုခြေလှမ်းကျဲများဖြင့်တိုးလာကာ မျက်နှာကိုအရှိန်နဲ့ထိုးလိုက်သော ယွန်းဂီရဲ့ လက်သီးချက်ကြောင့် Jk အနောက်ကိုပို၍ ယိုင်သွားရသည်။"ဒီမှာ Jeon Jungkook မင်းအခုမင်းမျက်လုံးထဲမှာ Kim taehyungတစ်ယောက်ကိုပဲထည့်တော့မယ်ဆိုရင် Jiminကိုငါပဲဆက်စောင့်ရှောက်လိုက်တော့မယ် မင်းတစ်သက်လုံးပြန်ရဖို့မစဉ်းစားနဲ့တော့"
"ခွပ်"
"ယွန်းဂီ ဒါဘာလုပ်တာလဲ သူဂျီမင်ကိုဘယ်လာက်စိုးရိမ်နေလဲမင်းမမြင်ဘူးလား"
"ထယ်မင်းသူ့ဘက်ကသိပ်လိုက်ပြောမနေနဲ့ အာ့ကောင်သာတကယ်သူ့ညီကိုဂရုစိုက်ရင် ဒီလိုတွေတောင်ဖြစ်လာမှာမဟုတ်ဘူး"
"ယွန်းဂီ ဘယ်သူကတော့တမင်သက်သက်လုပ်မှာလဲ"
"ထယ် မင်းတော်တော့နော် မင်းဘာမှမသိပဲနဲ့ သူရဲကောင်းဝင်မလုပ်နဲ့ ငါမင်းနဲ့စကားမများချင်ဘူး မင်းနဲ့ jungkookက သိပ်ချစ်ပီးမိုးမမြင်လေမမြင်ဖြစ်နေကြလို့ မင်းတို့နှစ်ယောက်လုပ်ရမယ့်ကိစ္စကို Jiminnieကဝင်လုပ်ပေးနေရလိုဖြစ်သွားတဲ့ကိစ္စတွေချည်းပဲ'
