#Unicode
Jiminnie သတိရပီဆိုတဲ့အကြောင်းကြာူကြားချင်းJk ကော Taeကော ဆေးရုံပန်းခြံကနေ jiminရှိရာ ဆေးရုံခန်းဆီသို့ ကရောသောပါး ပြေးလာကြသည်။
အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ဘေးနားမှာ ဆရာဝန်ကြီးနဲ့ nurse တွေ ခြံရံလျက် ဆေးစစ်ခံနေသည့် အကောင်ငယ်လေး...
"ဘာမှစိုးရိမ်စရာတော့မရှိတော့ပါဘူး ခေါင်းကိုလည်းသိပ်မထိဘူး အတွင်းဒဏ်ရာလေးတွေအတွက်တော့ တစ်ပတ်လောက်ဆေးရုံမှာ နေမှဖစ်မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် dr."
yoongi က ဆရာဝန်ကို တံခါးနားထိလိုက်ပို့ပေးနေချိန် jungkook ကတော့ သူ့ညီလေးဘေးနားကို အ မြန်ပင် ဝင်ထိုင်လိုက်ကာ အားမရှိဖြူလျော်နေတဲ့ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ
"Jiminnie ဘာမှမကြောက်နဲ့တော့နော် အခုhyung ရောက်လာပီ သက်သာရဲ့လား ဘယ်နားနာနေတာရှိသေးလဲဟင်"
သို့သော် ဝမ်းသာတ ကြီး ဆုပ်ကိုင်ထားသောလက်များမှာ အ ကြင်နာကင်းမဲ့စွာ ဆွဲဖြုတ်ခြင်း ခံလိုက်ရသည်။
"Ji..jiminnie"
"ထွက်သွား"
"Jiminie hyung ပြောတာကိုနားထောင်ပါဦး Hyung ကလေ jiminnie ကိုတမင်သက်သက် "
"ထွက်သွားလို့ပြောနေတယ်လေ ထွက်သွားပါဆို ကျေးဇူးပြုပီးထွက်သွားပေးကြပါ"
ရင်ထဲမှာ မီးမြိုက်သလိုလှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေ ဒေါသတွေ မကျေနပ်ချက်တွေကို ပိုက်ထွေးလျက် jimin တစ်ယောက် အနားနားရှိရှိသမျ အားလုံးကို ပစ်ပေါက်ကာ အော်ပြောနေခဲ့သည်။
ရုန်းရင်းဆန်ခတ်အခြေအနေမှာ သူ့လက်ဖျံက ဆေးပိုက်လည်းပြုတ်ထွက်သွားသည်ထင်
ဒေါသ ဖြင့်သောင်းကျန်းနေသော သူ့ကိုယ်လေးကို တစ်စုံတစ်ယောက်က ထွေးပိုက်လျက် ချုပ်ထိန်းထားသည်ကို ခံစားရသည်
ဘယ်သူမှန်းလည်းမသိနိုင်
အဆတ်မ ပြတ် ကျဆင်းနေသည့်မျက်ရည်များကြောင့် မြင်ကွင်းကဝေဝါးနေ၍ဖြစ်မည်။
~~~~~~~~~~~
ဆေးရုံကုတင်ထက်က ကောင်လေးရဲ့ ရုတ်တရတ်ဆန်သော သောင်းကျန်းမှု
ကြာင့် jk ကော tae ကော yg ပါ ဝိုင်းဆွဲဖို့ပြင်ရသည်။
