#Unicode
"အ့ နာတယ် ဖြည်းဖြည်း""အင်းပါ ခနလေးပဲသည်းခံ ပြီးတော့မယ်"
"မြန်မြန်လုပ်ဗျာ အိပ်နေတာကိုအတင်းနှိုးပီး"
"အင်းပါ အင်းပါ လာဒီနားတိုး မစပ်တော့အောင် ကိုကို မှုတ်ပေးမယ်"
**အဟမ်း အဟမ်း***
မုန့်ထုပ်တွေကိုင်ကာ ဆေးရုံခန်းထဲဝင်လာတဲ့ Tae နဲ့ Jungkook ကတော့ ဆေးရုံကုတင်ပေါ်မှာ အကဲပိုနေတဲ့ Yoongi နဲ့ Jimin တို့ကို ကြည့်ရင်း ချောင်းဟန့်လိုက်သည်။
"Jiminnie ဆေးထည့်လို့ပြီးရင် ဆန်ပြုတ်စားရအောင် Hyung အခုလေးတင်ဝယ်လာတာ ပူတုန်းလေး"
Jimin က သတိရကာစတုန်းကလို Jungkook ကို မောင်းထုတ်တာမျိုး ဒေါသတ ကြီးဆက်ဆံတာမျိုး မလုပ်တော့ပေမယ့် အရင်လိုလဲ ဖက်ကင်းတလဲ မဆက်ဆံတော့ပဲ အနည်းငယ် ဆူပုတ်လျက်ဖစ်နေသည်
"Jiminnie ဆန်ပြုတ်စားမယ်လေ ကိုကိုခွံ့ကျွေးမယ်"
"ဟင့်အင်း ကျွန်တော်ဗိုက်မဆာသေးဘူး ပီးတောါ ကျွန်တော် ဆေးရုံဆင်းချင်ပီ"
"နေလည်းမကောင်းသေးပဲနဲ့ သန်ဘက်ခါလောက်မှဆင်းလို့ ဆရာဝန်ကြီးကလည်းပြောတယ်လေ နားနားနေနေနေလိုက်ပါဦး"
"ဟွန်း"
"Jiminnie ကလိမ္မာပါတယ်"
ဆူပုတ်နေတဲ့ Jimin နားကိုတိုးလာကာ ခေါင်းလေူကိုဖွပေးလိုက်တဲ့ Jungkook
jungkook နဲ့ Jimin တို့ကို ပြန်အဆင်ပြေစေချင်တဲ့ Yoongi နဲ့ Tae တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက်မျက်စပစ်လိုက်ရင်း
"အဟမ်းအဟမ်း Jungkook ငါနဲ့ Tae နဲ့ အိမ်ခန ပြန်ပီး Jiminnie အတွက်လိုအပ်တဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေသွားယူလိုက်ဦးမယ်"
"အင်းအင်း ဂရုစိုက်သွားဦး"
Yoongi နဲ့ Tae တို့ထွက်သွားပီးတာနဲ့ ဆေးရုံခန်းလေးက တိတ်ဆိတ်သွားပြန်သည်။
