#Unicode
Jungkook နဲ့ Yoongi တို့နှစ်ယောက် ဆေးရုံတွင်းရှိစားသောက်တန်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်လျက် RM Kim နဲ့ပတ်သက်တဲ့ စာရွက်စာတန်းတွေနဲ့ အလုပ်ရှုပ်နေ ကြသည်။"ဒီလောက်ဆိုရင်တော့ သက်သေကခိုင်လုံပြီလိုါထင်တယ် မနက်ဖန်မနက်မိုးလင်းတာနဲ့ ချက်ချင်းပဲ ငါ့အသိ သတင်းထောက်တစ်ယောက်ကို ငါ ဒါတွေလွဲှပေးလိုက်မယ်"
စာရွက်စာတမ်းအချို့ကိုကိုင်ကာ Nectie ကိုဖြေလျော့လျက် ပြောလာသည့် Yoongi
jungkook လည်းခေါင်းငြိမ့်လျက်
မျက်နှာကိုလက်ဖြင့်ပွတ်ကာ ငြိမ်နေသည်ဒီရက်ပိုင်းသူတို့အားလုံးအရမ်းပင်ပန်းနေပီဖစ်သည်။
Jimin လေးဆေးရုံစတက်သည့်ရက်မှစ၍ ကားဘရိတ်ပေါက်တာတွေရော ညတိုင်း သက်သေစာရွကိစာတမ်းတွေအတွကိ လုံးပန်းရတာကော
သို့သော် အခုတော့ အားလုံးပြီးသွားပြီဖြစ်၍ နှစ်ယောက်သားပင်ပန်းသည့်ကြားမှနည်းနည်းအသက်ရှူချောင်သွားပီဖစ်သည်။
Ting Ting
jungkook ဖုန်းထဲသို့ Message ဝင်လာသည့်အသံ
jungkook ဖွင့်ကြည့်လိုက်တော
ပုံတစ်ပုံနှင့်စာတစ်စောင်
>>>>မင်းရဲ့ Tae လေးက အရမ်းချစ်ဖို့ကောင်းချက် တအီအီနဲ့ ငိုနေလိုက်တာ Jungkook ငါ့သားရေ ငါ့ရဲ့ သားမက်မင်းရဲ့ အသည်းကျော်လေးကို မသေစေချင်ရင် USB ယူပီး လာခဲ့လိုက်တာကောင်းမယ်<<<<<
ထို့နောက်ပုံကိုကြည့်လိုက်တော့
Tae ကို ကြိုးတွေနဲ့ချည်ထားပီး ဗိုက်နေရာတွင် ချိန်ကိုက်ဗုံးပါတက်ဆင်ထားသည်။
"ဟာကွာ တောက် "
"ဘာဖစ်လို့လဲ Jungkook"
" RM Kim သူ Tae ကိုဖမ်းထားတယ်"
"ဘာ ဘယ်လိုဖစ်ပီးတော့ Tae ခုနလေးတင်မှ Jimin ဆီသွားမယ်ဆိုပီးထွက်သွားတာလေ"
