Softless ~34

1.1K 80 5
                                    

#Unicode
Softless~34

ပေါက်ကွဲသံကြားပြီးနောက်သတိလစ်သွားတဲ့ Tae ကို ပွေ့ထားလျက် Yoongi တစ်ယောက်လည်း ငြိမ်သက်နေမိသည်

Jiminie ကသူ့ Hyung ကိုသိပ်ချစ်ရှာတာ
သူဆေးရုံကနေ သူ့ Hyung ကိုစောင့်နေရှာမှာ
အခုတော့ ဘယ်လိုလုက်ရမလဲ
Jiminnie ကိုအားနာလို့ဘယ်လိုလုပ်ရမလဲ

ထိုစဉ်

အဆောက်အဦဟောင်းရဲ့ မီးတောက်တွေကြားထဲကနေ တရွေ့ရွေ့မြင်လိုက်ရတဲ့ ပုံရိပ်၂ခု

ရဲတွေကလည်းမြင်မြင်ချင်း အဆောက်အဦထဲကိုပြေးကာ ထိုလူ၂ယောက်ကို ပြေး၍ တွဲခေါ်ကြသည်။

Jungkook နဲ့ RM

အားပြတ်ကာ မျက်နှာများလည်းဒဏ်ရာဒဏ်ချက်အ ပြည့်နဲ့ Rm kim ကို မရရအောင် Jungkook က အ ပြင်ကိုဆွဲခေါ်ထုတ်လာပုံရသည်။

အ ပြင်ကိုအောင်အောင်မြင်မြင်ရောက်ပီးမှ Jungkook လည်း ခြေကုန်လက်ပမ်းကျကာ ထိုင်ကျလိုက်တော့သည်

RM Kim ကိုတော့ ရဲတွေက လက်ထိပ်ခပ်ကာ ရဲကားပေါ်တင်နေပီဖစ်သည်။

Yoongi ရင်ခွင်ထဲ မေ့မြောနေတဲ့ Tae ကို မြင်တော့ Jungkook တစ်ယောက် အသည်းအသန်ထကာ သူတို့အနားကိုပြေးလာသည်

"Tae Tae ဘာဖစ်တာလဲ"

"ခုနက ပေါက်ကွဲတော့မင်းပါသွားပီထင်ပီး သူငိုရင်းသတိလစ်သွားတာ"

"Tae ကွာ ကို့ကိုယုံပါဆို "

Jungkook ဝမ်းနည်းနေတဲ့ လေသံ ဖြင့်ရေရွတ်ရင်း Yoongi လက်ထဲက Tae ကိုလွဲှပြောင်း
ယူကာ သူ့ရင်ခွင်ထဲပွေ့ဖက်ထားလိုက်သည်

"အန္တွရာယ်ကင်းပေးလို့ ကျေးဇူးပါ Tae"

မေ့မြောနေတဲ့ Tae ရဲ့ နဖူးထက်ကဆံပင်လေးတွေကိုသပ်တင်ပေးရင်း နဖူးလေးကို တစ်ချက် ခပ်ဖွဖွနမ်းလိုက်သည်။

"အားလုံးပြီးဆုံးသွားပီပေါ့"

Yoongi ကော Jungkook ကော မြေပြင်ပေါ်မှာပင်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပီး ပြောနေတော့သည်

"Imm အားလုံးပြီးသွားပြီ ဒါပေမယ့် ဘာလို့ငါ့ရင်ထဲ လေးလေးကြီးဖြစ်နေတာလဲမသိဘူး Yoongi jimin လေးမှအဆင်ပြေရဲ့လားမသိဘူး ငါတို့Jiminnieဆီအ မြန်ပြန်ရအောင်"

~~Softless~~Where stories live. Discover now