ရက်​ကိုးဆယ်​စီမံကိန်း

1.9K 177 5
                                    

Zawgyi

အာဒံသီတဲ့​တေးတစ်​ပုဒ်

"​တွေ့ရတာ ဝမ်းသာပါတယ်​​ကောင်​​လေး....ကိုယ့်​နာမည်​​ အိုဆယ်​ဟွန်း"

တကယ်​ကို ဘာမှမဖြစ်​သလို ​အေးစက်​​နေလွန်းတဲ့သူ့
ပုံစံကို ကျ​နော်​အထူးအဆန်းကြည့်​​နေမိသည်​။
ကိုယ့်​ကပဲ အခဲမ​ကြေဖြစ်​​နေခဲ့သည်​ပဲလား...သူပဲ
ကျ​နော့်​ကိုမမှတ်​မိတာလား....

"ဟက်​..."

ခြောက်​ကပ်​ကပ်​ရယ်​​မောလိုက်​တဲ့ကျ​နော့်​ရယ်​သံ
နောက်​မှ သူ့စကားခတ်​​အေး​အေးလည်းလိုက်​ပါလာ
သည်​။

"ကိုယ်​စားလို့ပြီးပြီ...."

"ဟုတ်​​ မောင်​...ချယ်​​ယောင်းအသီးလာပို့​ပေးမယ်​​နော်​"

"အွန်း..."

မမနဲ့တစ်​ခွန်းစနှစ်​ခွန်းစ​ပြောဆိုပြီး​နောက်​ ထမင်းစားခန်းကထထွက်​သွားတဲ့ ထိုလူကိုကြည့်​ရင်းကျန်​​နေခဲ့သည်​က ကျ​နော်​။

ဘယ်​လိုပုံစံမျိုးလဲ...?

ဒီလိုလူကို မမက​ယောက်ျား​တော်​ထားတယ်​​ပေါ့​လေ။

****************

ကြယ်​တာရာ ဆိတ်​သုန်းလို့

လ​ရောင်​မှိန်​မှိန်​ယှက်​သန်း​နေတဲ့ ​ဆောင်းဦးရဲ့ည​နေခင်းမှာ ​မေပယ်​လ်​ရွက်​​တွေဟာ ​အရောင်​​ပြောင်းလေ့ရှိကြတယ်​....

****************

"​ယောလ်​လီ...​ကျောင်းကိစ္စ​တွေကို ​မောင်​လိုက်​လုပ်​​ပေးလိမ့်​မယ်​​နော်​...မမ ပြပွဲက​နောက်​လထဲဆို​တော့မအားလို့"

မနက်​စာထမင်းဝိုင်းရဲ့ တိတ်​ဆိတ်​ခြင်း​တွေကိုဖြိုခွဲလိုက်​တဲ့ မမ။
ကျ​နော်​အံ့သြခြင်းကြီးစွာနှင့်​မမကို​မော့ကြည့်​လိုက်​မိသလို မျက်​နှာချင်းဆိုင်​ကသူ့ကိုလည်း ဖြတ်​ခနဲအကြည့်​ပို့မိသည်​။

"ရတယ်​...ကျ​နော့်​ဘာသာကျ​နော်​လုပ်​လိုက်​မယ်​...ဒီကလည်း အလုပ်​တစ်​ဖက်​နဲ့မလား...?"

"ဒါမဲ့ ​ယောလ်​လီက ​ကျောင်း​ပြောင်း​လေ...အုပ်​ထိန်းသူပါမှရမှာမလား"

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now