ရက်​ကိုးဆယ်​စီမံကိန်း-၆

1.4K 145 5
                                    

Zawgyi

အာဒံသီတဲ့​တေးတစ်​ပုဒ်

"မင်းက အနုပညာဘက်​မှာပါရမီပါတာပဲ"

Toilet ထဲရှိေ​ဗစင်​၏​ရေငုတ်​ကိုဖွင့်​ချရင်းလက်
ဆေး​နေစဉ်​ ​ဘေးဘီဆီမှစကားသံနှင့်​အတူ​ရေခ
လုတ်​ကိုဖွင့်​လိုက်​သော အိုဆယ်​ဟွန်း။
ဖြတ်​ခနဲလှည့်​ကြည့်​လိုက်​ပြီး​နောက်​ မိမိ​ရှေ့က​ရေငုတ်
ဆီသို့သာ အကြည့်​ပြန်​ပို့လိုက်​သည်​။

"စန္ဒရားတီးတတ်တဲ့သူ​တွေဆို ငါသ​ဘောကျတယ်​..."

သူ့စကားအဆုံးမှာ တစ်​ဖက်​နှင့်​တစ်​ဖက်​ပွတ်​သက်​​နေ
တဲ့ကျ​နော့်​လက်​​တွေဟာရုပ်​ချည်းရပ်​ဆိုင်းသွားခဲ့သည်​။

*သ​ဘောကျတယ်​....?*

ထို​မေးခွန်းကိုတိတ်​ဆိတ်​စွာ​မေး​နေမိစဉ်​ပဲ သူဟာ
စကားကိုဆက်​၏။

"ငါလည်း စန္ဒရားအရမ်းတီးတတ်​ချင်​ခဲ့တာ...ဒါမဲ့မ
သင်​ဖြစ်​ဘူး.."

လက်​​ဆေး​နေရင်း ​ခေါင်းငုတ်​ကာဆိုလာ တဲ့သူမျက်​နှာကို ​ရှေ့မှန်​ထဲမှတစ်​ဆင့်​ကျ​နော့်​ခိုး
ကြည့်​မိသည်​။
မျက်​လွှာချထားတဲ့ သူမျက်​ဝန်းမှ ခတ်​စိပ်​စိပ်​မျက်
တောင်​ရှည်​တို့ဟာဆွဲ​ဆောင်​မှုရှိစွာဖြာကျ​နေသည်​။

အိုဆယ်​ဟွန်းက အရမ်းပြည့်​စုံ​နေသလိုပဲ......

ဆတ်​ခနဲ​အ​​ပေါ်​မော့လာတဲ့ သူ​ကြောင့်​ကျ​နော့်​​အကြည့်
တို့ကိုအလန့်​တကြားလွှဲလိုက်​မိ​ပေမဲ့ သူဟာသူ့
ရှေ့ကမှန်​ကိုသာခတ်​​အေး​အေးကြည့်​​လေသည်​။

"မင်းလက်​​ဆေးတာ ​ရေချိုးသ​လောက်​​ရေကုန်​​နေပြီ"

"ဟမ်​"

ခတ်​​အေး​အေးသူ့အ​ပြောမှာ ကျ​နော်​အလန့်​တကြား
ရေခလုတ်ကိုပိတ်​လိုက်​မိ၏။
သူ့စကားကိုကြားမှ လက်​​ဆေး​နေခြင်းကိုသတိထားမိ
သည့်​အဖြစ်​။
ထွက်​သွားပြီဖြစ်​တဲ့သူ့ကို ဘာစကားတစ်​ခွန်းမှပြန်​မဆို
မိလိုက်​​လေသည့်​ကျ​နော်​ဟာ ​ရေခလုတ်​ကိုသာအ​ကြောင်းမဲ့ ​ငေးကြည့်​ရင်းထို​နေ
မှာခတ်​​တွေ​တွေရပ်​​နေမိခဲ့သည်​။
စည်းထားသည့်​ necktie ကိုခတ်​ကြမ်းကြမ်း
ဆွဲချဲ့လိုက်​ပြီး ​လေပူတစ်​ချက်​ကိုပြင်းပြင်းမှုတ်​ထုတ်
လိုက်​ပြီး....

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Where stories live. Discover now