အာဒံသီတဲ့တေးတစ်ပုဒ်
ဇတ်သိမ်းပိုင်း
ပင်လယ်ကြီးကို ကြည့်ရင်းကြည်နူးရိပ်သန်းနေသည့် ပြုံးစစ
သူ့မျက်နှာ....ပြည့်စုံခြင်းတို့နှင့်သာ တန်ဆာဆင်တဲ့ သူဟာမိုးထက်က ကြွေသည့်နတ်တစ်ပါးအလား.....
တဖြူးဖြူးသင်းတဲ့ ပင်လယ်လေတစ်လျှောက် နက်မှောင်နေသည့်မဟူရာ ဆံမျှင်တို့ဟာ ဟိုရွေ့ဒီရှား...
ဖြူဥနုဖက်နေသည့် သွယ်လျလျလက်ချောင်းတို့ကို မြတ်နိုးခြင်းအပြည့်နှင့်ဆုတ်ကိုင်ရင်း လှပလွန်းသည်ထက်ပိုသော
ပင်လယ်ပြင်ကြီးအား ဥပက္ခာပြုကာ သူ့အပြုံးတို့ကိုငေးနေမိသည့်
ကျနော့်ထံ သူဟာစကားဆိုသည်။"ငါက ပင်လယ်ဆိုအရမ်းသဘောကျတာ....
အရမ်းဝမ်းနည်းနေတဲ့အချိန်ဆိုရင်တောင် ပင်လယ်ကြီးကိုကြည့်ပြိး ပင်လယ်လေကိုရှူလိုက်ရရင် ခံစားရသမျှတစ်ဝက်လောက်တော့ သက်သာသွားတယ်..."တစ်ခါက ပြောဖူးခဲ့သည့်သူ့စကား...
*******************
ဝှေ့ဝိုက်ကာတိုက်ခတ်လာတဲ့ လှိုင်းသက်လေနဲ့အတူ
အရှိန်ပြင်းသည့် လှိုင်းလုံးများဟာလည်းတလှိမ့်လှိမ့်။
စက္ကန့်နှင့်အမျှကြီးစိုးလာသည့် နာကျင်မှုတွေဟာ နှစ်သက်မိတဲ့ထိုပင်လယ်လေများကတောင် ဖြေဖျောက်ပေးနိုင်စွမ်းမရှိတော့။ဘဝတစ်လျှောက်လုံးလုပ်ခဲ့မိသမျှ အရာအားလုံး ထိုတစ်ကြိမ်ဟာနောင်တအရဆုံးနဲ့အနာကျင်ရဆုံးဖြစ်လိမ့်
မည်။သူရဲကောင်းကြီးလုပ်ကာ နှလုံးသားကိုအနစ်မွန်းခံလိုက်သော်ငြား
ရူးမတက်နောင်တရမိပါရဲ့...တကယ်တမ်း တွေးကြည့်တော့ သူ့ကိုလက်လွှတ်လိုက်ခြင်းဟာလွန်စွာမှ မှားယွင်းသည့်ဖြစ်ရပ်။
ချစ်ရင်းနဲ့သာ ရူးခါသွားပါစေ
ဘေးလူအဖြစ်သာ မျှော်ကြည့်ရင်း ရှေ့ဆက်မည်ဆိုဦးတော့
ယနေ့ကဲ့သို့ တစ်ပါးသူ၏ပိုင်ဆိုင်မှု ဖြစ်လေတော့မည့်သူ့ကိုတမ်းတလို့ပင်မဝနိုင်တော့။သူ့မင်္ဂလာပွဲပြီးသည်နှင့် သားလေးနဲ့အတူထွက်သွားဖို့စိတ်ကူးထား
ပြီးသား။
နယ်ဆေးရုံကျအောင် လျှောက်ပြီးသည်နှင့် သေချာပေါက်
သူ့အနားမှာမရှိတော့အောင်ကြိုးစားမည်။
အရင်အိမ်မှာပဲ အရင်လိုပြန်နေခဲ့သည်ရှိသော် သေချာသည်ကသူ့ကိုမြင်ယောင်ရင်းရူးရပေလိမ့်မည်။
နေရာသစ် အလုပ်သစ်မှာ စိတ်သစ် ကိုယ်သစ်နဲ့သားဖနှစ်ယောက်ထည်းဘဝကိုရှေ့တက်မည်။
မေမေတို့နှင့် ဘာတစ်ခုမှမတိုင်ပင်ရသေးပေမဲ့ တိုင်ပင်ဖို့လည်းစိတ်ကူးမရှိတော့။
အသိပေးရုံလောက်နှင့်ပင် ကျနော်ထိုပတ်ကျင်နှင့်
ဝေးရာသို့သွားမည်။
YOU ARE READING
အာဒံသီတဲ့တေးတစ်ပုဒ် -chanhun-(completed)
Romance*************** အသက်မဲ့သလိုတည်ညိမ်နေတဲ့ ခများရဲ့မျက်ဝန်းတွေကိုမုန်းတယ်... 'ဘာကြောင့်လဲ'လို့မေးရင် ခများရင်ထဲမှာဘာတွေရှိနေမှန်းသိခွင့်မရလို့... ************ chanhun *************** အသက်မဲ့သလိုတည်ညိမ်ေနတဲ့ ခများရဲ့မျက်ဝန်းတွ...