ရက်​ကိုးဆယ်​စီမံကိန်း-၇

1.2K 150 10
                                    

အာဒံသီတဲ့​တေးတစ်​ပုဒ်

Zawgyi

************

ကိုယ်​သိပ်​မြတ်​နိုးမိတဲ့အရာ​တွေဟာ

တစ်​ခါတစ်​ရံမှာ ကိုယ်​နဲ့အ​ဝေးဆုံးမှာရှိ​နေတာမျိုးဖြစ်
တတ်​တယ်​....

***************

ရေချိုးခန်းတံခါးကိုလှပ်​လိုက်​စဉ်​ ကြားလိုက်​ရ​သော
မ​သေမသပ်​စန္ဒရားသံအချို့နဲ့ ရိပ်​ခနဲမြင်​လိုက်​ရ​သော
လူရိပ်​​ကြောင့်​​ခြေအစုံကို​ခေတ္တရပ်​လိုက်​မိသည်​။

piano မှ note တချို့ကိုသ​ဘော​တွေ့သလို
လက်​ညှိုး​လေးနဲ့တို့ထိရင်း သွားဆွယ်​​တွေ​ပေါ်​အောင်
ပြုံး​နေသည့်​လူသား။
ဘေးဘက်​ဆီက တဝဲဝဲလွင့်​ပျံ​နေတဲ့ လိုက်​ကာ​တွေ
ကြား၊တသုန်​သုန်​တိုး​နေတဲ့​လေညင်း​တွေကြား
စန္ဒရား​လေးနှင့်​သူ့ပုံစံဟာ လက်​ရာ​မြောက်​သည့်​ပန်း
ချီတစ်​ချပ်​နှင့်​တူသ​ယောင်​။

"​အော်​...ချန်း​ယောလ်​.."

မေ့​လျော့​နေမိတဲ့ ပတ်​ဝန်းကျင်​ကိုလှုပ်​ခတ်​လိုက်​​စေ
သူဟာ အိုဆယ်​ဟွန်းပင်​။
ရုတ်​တရက်​ကျ​နော့်​ကိုမြင်​လိုက်​တဲ့သူက စန္ဒရား​ပေါ်
တင်​ထားသည့်​လက်​​လေးတစ်​ဘက်​ကိုရုတ်​လိုက်​ကာ
အသာထသည်​။

"ရပါတယ်​...တီး​လေ...ကျ​နော့်​အခန်းထဲက ပစ္စည်းမှန်
သမျှစိတ်​ကြိုက်​​လေ့လာလို့ရတယ်​....ကျ​နော်​အင်္ကျီလဲ
လိုက်​ဦးမယ်​ ခဏ​လေး​စောင့်​​နော်​"

ထို့​နောက်​ ​ဘောင်းဘီပွတစ်​ထည်​နှင့်​ရှပ်​ပွတစ်​ထည်​ကို
ယူကာ ​ရေချိုးခန်းထဲပြန်​ဝင်​၍သာ ဝတ်​လိုက်​သည်​။
ဟိုလူသား​ရှေ့မှာ လဲပြန်​လည်းအရင်​တစ်​ခါလိုပဲ
ရှက်​​နေဦးမှာ​သေချာသည်​မို့ကိုယ်​ကပဲအလိုက်​သိ
လိုက်​သည်​။

တွေးမိရင်းက ပါး​တွေ​ရော၊နားရွက်​​တွေပါနီရဲသွား
သည့်​ သူ့မျက်​နှာကိုပြန်​မြင်​မိ​သေး၏။
ယောက်ျားချင်း​တောင်​ ရှက်​တတ်​လွန်းတဲ့အိုဆယ်​ဟွန်း
ဟာ သိပ်​ကိုအူယားဖို့​ကောင်းလွန်းပါရဲ့....

အာဒံသီတဲ့​တေးတစ်​ပုဒ် -chanhun-(completed)Donde viven las historias. Descúbrelo ahora